October 14, 2024

၁၆. ၉. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံအနေဖြင့် ဘီလာရုစ့်နိုင်ငံ မင့်စ့်မြို့တွင် ကောင်စစ်ဝန်ရုံးအသစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကောင်စစ်ဝန်ရုံးဖွင့်လှစ်လိုက်ခြင်းကြောင့် ဘီလာရုစ့်နှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာအလားအလာများနှင့်ပတ်သက်ပြီး မိတ်ဖက်ဖြစ်မှုများကို ပိုမိုနီးစပ်ရန်ကူညီပေးဖွယ်ရှိနေကြောင်း ဘီလာရုစ့်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် စက်တင်ဘာ ၁၄ ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဘီလာရုစ့်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ဝန်ကြီး Sergei Aleinik နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-16_10-28-21-2.jpg

ဘီလာရုစ့် နိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံရဲ့ကောင်စစ်ဝန်ရုံးကို မင့်စ်မြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဘီလာရုစ့်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ နည်းပညာ၊ ပညာရေး၊ယဉ်ကျေးမှု၊ စီးပွားရေးနှင့် သိပ္ပံပညာ ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုကေင်းမွန်ရေးနှင့်ပတ်သက်ကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-16_10-28-21-3.jpg

ထို့ပြင် ဘီလာရုစ့်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဒေသအတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း ဘီလာရုစ့်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဘီလာရုစ့် နိုင်ငံခြားရေးဝန်ကြီးက အစားအသောက်ဖူလုံမှုရရှိစေရေး နယ်ပယ်တွင် ရရှိနိုင်သော အတွေ့အကြုံများနှင့် အောင်မြင်မှုများကို မျှဝေရန် အဆင်သင့်ရှိကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်၊ ဘီလာရုစ့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် အလုပ်သဘောတွေ့ဆုံဆွေးနွေးရန်အတွက် စက်တင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ရုရှားနှင့် ဘီလာရုစ့်နိုင်ငံတို့တွင် စက်တင်ဘာ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိရှိနေမည်ဖြစ်ကြောင်း သိရသည်။ ဘီလာရုစ့်နှင့် မြန်မာနိုင်ငံတို့ သည် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့တွင် သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့ကြောင်း သိရသည်။

Ref; .eng.belta

Leave a Reply

Your email address will not be published. Required fields are marked *