October 14, 2024

၁၆. ၉. ၂၀၂၃
Written by Zaw Moe

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရွှေပေါ်ကျွန်းအနီး သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော မည်သည့် တရားမဝင်သတ္ထုတူးဖော်မှု၊ ရွှေကျင်မှုများကိုမဆို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ကပ်လျက်ရှိသော ဒေသအခေါ် ရွှေပေါ်ကျွန်းအနီး ငါးဘက်ဝရွာနှင့် သင်္ဘောအင်းရွာများ၌ ရွှေကျင်သည့် စက်လှေကြီးများဖြင့် တရားမဝင်ရွှေကျင်မှုများကို မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ သတင်းထောက်တစ်ဦး၏ မေးမှုးမြန်းမှုကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း ဗန်းမော်/ရွှေကူဖက်တွင် မြစ်အတွင်းတရားမဝင်ရွှေကျင်မှုများကို စက်လှေ၊ စက်များ၊ ဖောင်များကို ဖမ်းဆီးခြင်း၊ ဖျက်ဆီးခြင်းဖြင့် အရေးယူဆောင်ရွက်မှုများဆောင်ရွက်ခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဒေသတွင်းရှိ KIA, PDF များမှ ဆက်ကြေးကောက်ယူ၍ ဆောင်ရွက်ခွင့်ပြုသည်ဟုလည်းသိရှိရကြောင်း၊ အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသော မည်သည့် တရားမဝင်သတ္ထုတူးဖော်မှု၊ ရွှေကျင်မှုကိုမှ တရားမဝင်ခွင့်ပြုပေးခြင်း၊ ငွေကြေးကောက်ခံခြင်းမရှိပါကြောင်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့်ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း၍ ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *