October 15, 2024

၁၅. ၉. ၂၀၂၃
Written by Thettant

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်တွင် ရန်ကုန်သို့တင်ပို့မည့် မဖြိုးကေသီကျော် သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာကို ရှာဖွေစစ်ဆေးရာ ဒေသကာလ တန်ဖိုးငွေ ကျပ်သိန်း ၅၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၇ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီအချိန် ပူးပေါင်းအဖွဲ့သည် သတင်းကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မမူမူကြူ(ခ)နန်းလောင်ငင်၊ စိုင်းဝိလတ်၊ မမီညားတို့ ၃ ဦးအား Toyota Crown မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *