October 15, 2024

မြားပြထားသော ကလေးငယ်မှာ အမူးလွန်နေသော ထန်တလန် PDF ပစ်ခတ်မှုခံရသူဖြစ်သည်(Photo- Salai DL Seenling)

၁၅. ၉. ၂၀၂၃
Written by Nay Moe

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟိုင်မွှာလ်ကျေးရွာနေ အသက် ၁၄ နှစ်အရွယ်ကျောင်းသား ဆလိုင်းရိုပဲန်လှု (Salai Ro Pek Hlu) ကို CDF-ထန်တလန်အဖွဲ့ဝင် PDF တစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ ဘယ်ဘက်ခြေထောက်ဒူးခေါင်းထုတ်ချင်းပေါက် ကျည်ထိမှန်ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဖြစ်စဉ်မှာ CDF-Thantlang အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၃ ရက် နေ့လည်ပိုင်းမှ အရက်သေစာသောက်စားပြီး ဖလမ်းမြို့နယ် Ngaihlan နဲ့ Zongte ကျေးရွာကြား သေနတ် ပစ်ဖောက်ပြီး ညနေစောင်းမှာ ဟိုင်မွှောလ်ကျေးရွာထဲဝင်လာပြီး သေနတ်ထပ်မံ ပစ်ဖောက်ခဲ့သလို သူတို့ထဲက PDF တစ်ဦးက ရေကန်ဘေးမှာရှိတဲ့ Salai Ro Pek Hlu ကို ခြေထောက်ဆေးဖို့ ရေတစ်ခွက်တောင်းပြီး သေနတ်နဲ့ပစ်လို့ ဘယ်ဘက်ခြေထောက် ဒူးခေါင်းဖောက်ထွင်း ဒဏ်ရာရရှိခဲ့တာလို့ Zalen News က ဖော်ပြထားပါတယ်။

“အခုနလေးပဲ လိုင်ရာ ဖလမ်းမြို့နယ် (Lairal) တောင်ကြောလူငယ် ခေါင်းဆောင်နဲ့ စကားပြောဖြစ်တယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ Thipcang ရွာနဲ့ Hnahthial ရွာဟောင်းကြားမှာ CDF ထန်တလန်နဲ့ CNA အဖွဲ့က အရက်မူးပြီး သေနတ်ရမ်းသမ်းပစ်ဖောက်နေကြတယ်တဲ့။ ပြီးတော့ မနေ့က (စက်တင်ဘာ ၁၃ ရက်နေ့) ကလည်း ဖလမ်းမြို့နယ် Zongte ရွာနဲ့ Ngailan ရွာကြားမှာ CNA နဲ့ CDF ထန်တလန်အဖွဲ့တွေက အရက်မူးပြီး သေနတ်ဖောက်တာ အချက်အများကြီးပဲ။ မိုးချုပ်ခါနီးလောက်မှာ Haimual ရွာဟောင်းထဲကို ဝင်ပြီး ရွာထဲကို သေနတ်ပစ်ဖောက်ပြန်တယ်။ CDF ထန်တလန်အဖွဲ့ဝင်တစ်ယောက်က ခြေလက်ဆေးချင်လို့ ရေပေးပါလို့ အော်ဟစ်တောင်းဆိုနေတော့ သူရောက်နေတဲ့ အိမ်ရှင်ရဲ့သား အသက် ၁၄ နှစ်အရွယ်က ကြောက်ကြောက်လန့်လန့်နဲ့ ရေခပ်ပေးနေတုန်း အဲဒီအမူးသမားက သေနတ်နဲ့ပစ်လို့ ကောင်လေးရဲ့ဒူးက ထုတ်ချင်းပေါက် ဒဏ်ရာရသွားတယ်လို့ ပြောတယ်။

မနှစ်တုန်းကလည်း( ၂၀၂၂) CNA အဖွဲ့က ဖလမ်းမြို့နယ် Thipcang ရွာမှာ သေနတ်ရမ်းသမ်းပစ်လို့အမျိုးသမီးတစ်ယောက် တစ်ယောက်ဒဏ်ရာရခဲ့ဖူးတယ်”လို့ Salai Pawpi ရဲ့ ရေးသားချက်ကို Justice For Chinland and Chin Peoples Page က ဖော်ပြထားပါတယ်။

အရက်မူးနေတဲ့ CDF ထန်တလန်အဖွဲ့ဝင်ရဲ့ ပစ်ခတ်မှုခံရတဲ့ ကလေးငယ်ကို ညတွင်းချင်း CNA ဌာနချုပ်သို့သယ်ဆောင်ကာ ဆေးကုသပြီး စက်တင်ဘာ ၁၄ ရက်မနက်မှာ ခွဲစိတ်ကြတယ်လို့သိရတယ်။ ဒီဖြစ်ရပ်အတွက် CDF-Thantlang Khualhring tlang စခန်းမှူးနဲ့အဖွဲ့က နစ်နာတဲ့မိသားစုအိမ်ကို လာရောက်တောင်းပန်ပြီး ဆေးကုသဖို့ ၁၀ သိန်းပေးအပ်ခဲ့တယ်လို့လည်း Zalen မှာ ရေးသားထားလို ဟိုင်မွှောလ်ကျေးရွာအုပ်ချုပ်ရေးမှူးက “သေနတ်နဲ့ ပစ်တဲ့သူက အသက် ၂၅ နှစ်လောက်ရှိမယ်။ ကွန်မန်ဒိုသင်တန်းဆင်းလို့လည်းပြောတယ်။ သူတို့စခန်းမှူးကတော့ စစ်တပ်စည်းကမ်းဥပဒေနဲ့အညီအရေးယူမယ်တဲ့။ ဒီနေ့မှာ CNO လူကြီးတွေလာပြီးတော့ သူတို့က ပြစ်မှုကျူးလွန်တဲ့ရဲဘော်ကို ဥပဒေအတိုင်းအရေးယူပေးဖို့ ဆက်လက်ဆောင်ရွက်ကြမယ်လို့ ပြောတယ်။ ကျနော်တို့ရွာနဲ့ CNA ဌာနချုပ်က ဆိုင်ကယ်နဲ့တစ်နာရီလောက်သွားတဲ့ခရီးပါ။ အရင်တုန်းကတော့ ဒီလိုပြဿနာကြီးကြီးတော့မကြုံ့ဖူးပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေတော့များတယ်” လို့ ပြောတာကိုလည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *