October 15, 2024

၁၅. ၉. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်က ကျင်းပခဲ့တဲ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့သော်လည်း မျှော်မှန်းထားသလို ဝန်ကြီးချုပ်မဖြစ်ခဲ့ရတဲ့ Move Forward Party (MFP) ပါတီရဲ့ခေါင်းဆောင် ပီတာဟာ ပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၅ ရက်မှာကြေညာခဲ့တယ်လို့သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပီတာကို မီဒီယာအစုရှယ်ယာများပိုင်ဆိုင်မှုနဲ့ ပါလီမန်အမတ်အဖြစ်က ဇူလိုင်လ ၁၉ ရက်မှာရပ်ဆိုင်းခဲ့ပြီး ပီတာရဲ့ဒီလို ကြေညာမှုက ပါတီအဖွဲ့ဝင်တစ်ဦး သူ့နေရာကိုအစားထိုးနိုင်ဖို့နဲ့ ပါလီမန်မှာ အတိုက်အခံပါတီ ခေါင်းဆောင်အနေနဲ့ ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ လမ်းခင်းပေးလိုက်ခြင်းလို့ ဆိုပါတယ်။

သူ့ရဲ့ကြေညာချက်မှာ ပီတာက “အတိုက်အခံပါတီခေါင်းဆောင်က ပါလီမန်မှာအမတ်အများဆုံးရထားတဲ့အတိုက်အခံပါတီရဲ့ ပါလီမန်အမတ်ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားတယ်။ ဒီတော့ကျွန်တော်ကအမတ်အဖြစ်က ရပ်ဆိုင်းခြင်းခံထားရတော့ အတိုက်အခံပါတီခေါင်းဆောင်တစ်ဦး တာဝန်ကိုအနာဂတ်မှာထမ်းဆောင်နိုင်မှာမဟုတ်ဘူး” လို့ ဖော်ပြခဲ့ပါတယ်။

ပီတာက ပါတီရဲ့ အမှုဆောင်ကော်မတီ၊ ပါလီမန်အမတ်တွေနဲ့လည်းညှိနှိုင်းဆွေးနွေးပြီး ပါတီအနေနဲ့ ပါလီမန်စနစ်အတွင်း အဓိကအတိုက်အခံပါတီအဖြစ်တည်ရှိမှုကိုအသိအမှတ်ပြုထားတာပါ။ အတိုက်အခံပါတီရဲ့ခေါင်းဆောင်အနေနဲ့ ပါလီမန်အတွင်း အတိုက်အခံအင်အားစုကို ဦးဆောင်လမ်းညွှန်ရကာ အစိုးရအဖွဲ့အတွင်း အာဏာညီမျှရေးအတွက်လည်း စောင့်ကြည့်ကြီးကြပ်ကာ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကနေ လွဲချော်မသွားအောင် ထိရောက်စွာတွန်းအားပေးရမှာပါ။

ဒါ‌ကြောင့်လည်း ပီတာက MFP ပါတီရဲ့ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ပြီး ပါလီမန်အမတ်တစ်ဦးကို ရွေးချယ်အစားထိုးခြင်းဖြင့် ပါလီမန်မှာ သူ့အစားအတိုက်အခံခေါင်းဆောင်နေရာကို ဖြည့်ဆည်းနိုင်ဖို့ဆောင်ရွက်တာပါပဲ။ ပီတာက သူ့ရဲ့ အဆင့်ကတော့နိမ့်ကျသွားမှာမဟုတ်ဘဲ သူ့အနေနဲ့ MFP နဲ့ ပြည်သူတို့နဲ့ အတူ ယှဉ်တွဲတည်ရှိနေမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

Ref-TNA

Leave a Reply

Your email address will not be published. Required fields are marked *