October 18, 2024

၁၄. ၉. ၂၀၂၃

Written By Thandar

Photo By Peya

၁၀ ကြိမ်မြောက် ကျင်းပမယ့် Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲကြီးကို ဒီနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ Novotel Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာမှာ ကျိုင်းတုံကိုယ်စားပြု အလှမယ် အမရာဘိုက Winner ဆုအပြင် Title ဆုအနေနဲ့ Miss Glamorous By Treasure Z ဆုတချို့ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“အမရာအနေနဲ့ ဒီဆုက ဒုတိယရင်ခုန်မှုပါပဲ။ ဘာလို့လဲဆိုတော့ အမရာ တက္ကသိုလ်တက်ချိန်မှာ မိဘတက်စေချင်တဲ့ကျောင်းမှာ ဘွဲ့ရအောင် ယူပေးနိုင်ခဲ့တယ်။ ခုလည်း အမရာဘဝမှာ ဒုတိယမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာပါ။ အမရာသိပ်ဖြစ်ချင်တဲ့ Miss Universe Myanmar ဖြစ်ခဲ့ရပါပြီ။ ဒီအတွက်လည်း အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်”လို့ Miss Universe Myanmar 2023 Winner ဆုရှင် အမရာဘိုကပြောပါတယ်။

This image has an empty alt attribute; its file name is IMG_4155-1024x682.jpeg

မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုအနေနဲ့ အလှမယ် ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ကာတင် ၁၅ ဦး ရွေးချယ်ခဲ့ပြီးတော့ Title ဆုတွေအနေနဲ့ Miss Healthy Body By Seafood City Award ကို မော်လမြိုင်ကိုယ်စားပြု အလှမယ် ဒီး ၊ Miss Beautiful Smile By DSC Award ဖားကန့် ကိုယ်စားပြုအလှမယ် ပြည့်ကောင်းစုသန့် ၊ Miss Real Beauty By Doctor A Award ဗန်းမော်ကိုယ်စားပြု အလှမယ် ခေမာ ၊ Miss Elegent By စိန်နန်းတော် AWard မော်လမြိုင်ကိုယ်စားပြု အလှမယ် ဒီး၊ Miss The Best Beauty By Cara Award ဗန်းမော်ကိုယ်စားပြု Miss အလှမယ် ခေမာ ၊ Miss Popular Choice By Bigo Live Myanmar Award စစ်တွေကိုယ်စားပြု အလှမယ် စောမြတ်အိခိုင် ၊ Miss Photogenic Award By Studio Paparazzi ဗန်းမော်ကိုယ်စားပြု အလှမယ် ခေမာ ၊ Miss Glamorous By Treasure Z ကျိုင်းတုံကိုယ်စားပြု အလှမယ် အမရာဘို၊ Miss Intelligent Title Award ပြင်ဦးလွင် ကိုယ်စားပြု အလှမယ် သင်းစန္ဒာပြည့်သီဟအောင် တို့က Title ဆုတွေ ရရှိခဲ့ပါတယ်။

Top Ten စာရင်းဝင်အလှမယ်အနေနဲ့ ပုသိမ်ကိုယ်စားပြု အလှမယ် နိုနိုမေ၊ နေပြည်တော် အလှမယ် ဆာရှာဗွီအိုလာ၊ တောင်ကြီးကိုယ်စားပြု အလှမယ် ဆုမြတ်သူ ၊ မြစ်ကြီးနား ကိုယ်စားပြု အလှမယ် Rose Seng Htoi ၊ တာချီလိတ်ကိုယ်စားပြု အလှမယ်နန်းနန္ဒာလင်း ၊ ဖားကန့်ကိုယ်စားပြု အလှမယ် ခေမာ ၊ မော်လမြိုင် အလှမယ် ဒီး ၊ ကျိုင်းတုံကိုယ်စားပြု အလှမယ် အမရာဘို ၊ ဗန်းမော် ကိုယ်စားပြု အလှမယ် ဟေမာနဲ့ စစ်‌တွေကိုယ်စားပြုအလှမယ် စောမြတ်အိခိုင် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is IMG_4154-1024x682.jpeg

နောက်ဆုံး အဆင့်အလှမယ် ၆ ဦး ရွေးချယ်ခဲ့ရာ 1st Runner Up ဆုကို မော်လမြိုင်မြို့ ကိုယ်စားပြု အလှမယ်ဒီး ၊ 2nd Runner Up ဆုကို ဗန်းမော်မြို့ ကိုယ်စားပြု အလှမယ်ခေမာ ၊ 3rd Runner Up ဆုကို တာချီလိတ်မြို့ ကိုယ်စားပြုအလှမယ် နန်းနန္ဒာလင်း၊ 4th Runner Up ဆုကို ပုသိမ်မြို့ ကိုယ်စားပြုအလှမယ် နိုနိုမေ ၊ 5th Runner Up ဆုကို ပြင်ဦးလွင်မြို့ကိုယ်စားပြုအလှမယ် သင်းစန္ဒာပြည့်သီဟအောင် တို့က ဆုတွေချီးမြှင့်ခံခဲ့ရပါတယ်။

Winner ဆုနဲ့ Title ဆုအနေနဲ့ Miss Glamorous By Treasure Z ဆုတွေကို အလှမယ် အမရာဘို ရရှိခဲ့တာပါ။ အလှမယ် အမရာဘိုက ဒီနှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း El Salvador အယ်လ်ဆာဗေးဒေါနိုင်ငံမှာ နိုင်ငံပေါင်း ၈၀ ကျော်ကအလှမယ်တွေအတူ ကျင်းပပြုလုပ်မယ့် ၇၂ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is IMG_4157-1024x682.jpeg

အဆိုပါ မယ်စကြာဝဠာ ပြိုင်ပွဲကို Miss Universe Myanmar 2013 မိုးစက်ဝိုင် ၊ Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ ၊ Miss Universe Myanmar 2015 မေဘရဏီသော် ၊ Miss Universe Myanmar 2016 ထက်ထက်ထွန်း ၊ Miss Universe Myanmar 2017 ဇွန်သံစဥ် ၊ Miss Universe Myanmar 2018 နှင်းသွေးယုအောင် ၊ Miss Universe Myanmar 2019 ဆွေဇင်ထက် ၊ Miss Universe Myanmar 2020 သူဇာဝင့်လွင် နဲ့ Miss Universe Myanmar 2022 ဇာလီမိုးတို့က အသီးသီး ယှဥ်ပြိုင်ခွင့်ရရှိထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *