October 18, 2024

၁၅. ၉. ၂၀၂၃
Written By Thandar

ရခိုင်လူမျိုးတွေ တခဲနက်အားပေးဝန်းရံကြတဲ့ အလှမယ် စောမြတ်အိခိုင်က Miss Universe Myanmar 2023 ပြိုင်ပွဲမှာ ဆုရသည်ဖြစ်စေ ဆုမရသည်ဖြစ်စေ အစောလာရင် စစ်တွေလေဆိပ်က ကြိုစောင့်နေကြမှာပါလို့ သူမက ဖွင့်ဟပါတယ်။

“ဒီနေ့မှာ အစောအနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ စင်မြင့်ပေါ်မှာရောက်လာချိန် Top 10 ဝင်ချိန်မှာ စိတ်လှုပ်ရှားခဲ့တာတွေရှိခဲ့တယ်။ ဒီအပေါ်မှာ နည်းနည်းလွဲချော်မှုတွေရှိတာကို Fan တွေက အမြဲတမ်း နားလည်ပေးနိုင်မယ်လို့ အစောအနေနဲ့ ယုံကြည်ပါတယ်။ အရင် National Costume လာအားပေးတယ်။ ဖိနပ်လက်ဆောင်ရတော့ အရမ်းလည်း ဝမ်းသာရပါတယ်။ အစော Miss Universe ရန်ကုန်လာပြိုင်ထဲက ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အစောအတွက် အမြဲတမ်းရှိနေမယ်။ အမြဲတမ်း အစောကို Welcome လုပ်မယ်ပြောပါတယ်။ အစောလာရင် စစ်တွေလေဆိပ်က ကြိုစောင့်နေကြမှာပါ”လို့ အလှမယ်စောမြတ်အိခိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-15_10-49-45.jpg

သူမဟာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ပထမအဆင့် ၁၅ ယောက်အပြင် ဒုတိယအဆင့် ၁၀ ယောက်မှာပါ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပေမဲ့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် Top 6 စာရင်းထဲမှာ မပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ Miss Popular Choice By Bigo Live Myanmar Award ကိုတော့ စစ်တွေကိုယ်စားပြုအလှမယ် စောမြတ်အိခိုင် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ဒီပြိုင်ပွဲအတွက် လေယာဥ်လက်မှတ်တွေ ကားအပို့အကြို စီစဉ်ပေးထားတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီ ပြိုင်ပွဲ စဝင်ချိန်ထဲက ရခိုင်မှာဆိုရင် အစောကို အားပေးတဲ့ Fan ဆိုရင် ဆိုင်တွေမှာ ဘယ်လောက်လျှော့ပေးတယ်။ အလကားကျွေးတယ်တို့ ကြားရလို့ အရမ်းဝမ်းနည်း ဝမ်းသာလည်းဖြစ်ရပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *