October 18, 2024

MT News
၁၅. ၉. ၂၀၂၃

စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာနေ မိဘများအား လာရောက်ကန်တော့သည့် ရဲအရာရှိနှင့် မိသားစုအား PDF များက အကြောင်းမဲ့ ပစ်ခတ်သ-တ်ဖြတ်ခဲ့သဖြင့် ရဲအရာရှိနှင့် ဇနီးဖြစ်သူတို့ သေဆုံးကာ ၂ နှစ်အရွယ် သားဖြစ်သူကလေးငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ဇနီး၊ (၉)နှစ်အရွယ် သမီးတစ်ဦးနှင့် (၂)နှစ်အရွယ်သားတစ်ဦးတို့နှင့်အတူ Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ နေထိုင်သည့် မိဘများအား သွားရောက်ကန်တော့ကာ ညနေပိုင်းတွင် တံတားဦးလေဆိပ်သို့ ပြန်ရန်အတွက် ကျေးရွာရှိ “ရွှေဘုံသာ”ဘုန်းကြီးကျောင်းအနီး၌ ရပ်တန့်ထားသည့် ၎င်းတို့၏ မော်တော်ယာဉ်သို့ သွားရောက်စဉ် မော်တော်ယာဉ်အနီးအရောက်၌ အသင့်စောင့်ဆိုင်းနေသည့် PDF များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ရဲအရာရှိမှာ လက်နက်ငယ် ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး (၂)နှစ်အရွယ်သားဖြစ်သူတွင် တင်ပါးကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

ထို့နောက် PDF များသည် ရဲအရာရှိ၏ဇနီးအား မော်တော်ယာဉ်ဖြင့် သလွန်ဖြူကျေးရွာအနောက်ပိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ပြန်လည်သယ်ဆောင်၍ အခင်းဖြစ်နေရာ၌ ချထားကာ မော်တော်ယာဉ်အား မောင်းနှင်ယူဆောင်သွားခဲ့သည်။

ဖြစ်စဉ်တွင် ရဲအရာရှိနှင့် မိသားစုသည် မိဘများအား ဗုဒ္ဓဘာသာထုံတမ်းအစဉ်အလာနှင့် အညီ သွားရောက်ကန်တော့ခြင်းသာဖြစ်ပြီး ထိုသို့ သွားရောက်ခြင်းသည် လုံခြုံရေးတာဝန်သွားရောက်ထမ်းဆောင်ခြင်း မဟုတ်သကဲ့သို့ အခြားရည်ရွယ်ချက်ဖြင့် သွားရောက်ခြင်း မဟုတ်ကြောင်းနှင့် ၎င်း၏ဇနီးမှာလည်း နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုမရှိသူ ရိုးသားစွာ နေထိုင်လျက်ရှိသည့် သာမန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *