October 18, 2024

၁၄. ၉. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီများ အဖြူရောင်ဆိုင်းဘုတ်မီးအိမ် (Taxi Board) တစ်ပြေးညီတပ်ဆင်ရန် အသိပညာပေးကာလ ရက်ပေါင်း ၉၀ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်မှစတင်၍ လိုက်နာမှုမရှိသည့် တက္ကစီများကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board (ဆိုင်းဘုတ်)များသည် အရွယ်အစားအမျိုးမျိုး အရောင်အမျိုးမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာ တပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-14_16-15-30-1024x618.jpg

ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပေဒ အပိုဒ် ၂၇၃ (က)အရ “အမိုးတွင်ဆေးနီဖြင့် ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရမည်။

Taxi Board (ဆိုင်းဘုတ်)၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ ပေအကွာ ဘယ် ၊ ညာ ညီညာစွာ တပ်ဆင်ထားရှိရမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-14_16-15-46-1024x618.jpg

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၈ ရက်အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်၍ ပညာပေးကာလ ရက်ပေါင်း ၉၀ ပြီးဆုံးပါက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်မှစတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *