October 19, 2024

၁၄. ၉. ၂၀၂၃
Written by Nay Aung

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူစီစဉ်ထားသော နှစ်ရှည် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများနှင့်ပတ်သက်ပြီး Russia-Myanmar Strategic Economic Planning Group အဖွဲ့ ဖွဲ့စည်းတည်ထောင်ရန် အဆိုပြုကမ်းလှမ်းထားကြောင်း သိရသည်။

ရုရှား-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကောင်စီဥက္ကဋ္ဌ Ivan Polyakov က ရုရှား-မြန်မာ မဟာ ဗျူဟာမြောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် စွမ်းအင်၊ လယ်ယာကဏ္ဍ၊ အခြေခံအဆောက်အဦ၊ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်လက်နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကဲ့သို့သော ကဏ္ဍအများအပြားတွင် ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်သွားဖွယ်ရှိနေကြောင်း ပြောသည်။

လက်ရှိတွင် ရုရှားနှင့် မြန်မာနိုင်ငံကြား ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် လူသားချင်းဆိုင်ရာအကူအညီပေးမှု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ကောင်းမွန်လာနေပြီး နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းပျံသန်းပြေးဆွဲမှုများလည်းရှိလာနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-14_15-01-55.jpg

ထို့အတူ မြန်မာနိုင်ငံတွင် ရုရှားဘာသာစကား လေ့လာရန် စိတ်ဝင်စားသူအရေအတွက်များနေသည့်အတွက် ရုရှားပညာရေးဝန်ကြီးဌာန ကူညီထောက်ပံ့ပေးမှုဖြင့် Altai State Humanitarian အဖွဲ့ နှင့် Pedagogical တက္ကသိုလ်တို့သည် မန္တလေးတက္ကသိုလ်တွင် ရုရှားဘာသာစကားသင်ကြားရေးစင်တာကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရုရှားနှင့် မြန်မာနိုင်ငံတို့သည် နျူကလီးယား ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်လျက်ရှိနေသည်။ ရုရှားနိုင်ငံပိုင် Rosatom နျူကလီးယားကော်ပိုရေးရှင်း၏ CEO ဖြစ်သူ Alexey Likhachev က မြန်မာနိုင်ငံတွင် နျူကလီးယား စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန်အတွက် မြန်မာအစိုးရသည် Rosatom နှင့် သဘောတူညီမှုရယူနိုင်ရန် မျှော်လင့်နေကြောင်း ပြောသည်။ မြန်မာနှင့်ရုရှားနိုင်ငံတို့သည် နျူကလီးယားစွမ်းအင်သုံး မဟုတ်သော နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားသည်။

မြန်မာ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်က မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး တိုးတက်ကောင်းမွန်စေရန်အတွက် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် လိုလားနေကြောင်း ပြောဆိုခဲ့ဖူးသည်။

Ref; TASS

Leave a Reply

Your email address will not be published. Required fields are marked *