October 18, 2024

၁၄. ၉. ၂၀၂၃
Written By Thandar

ပရိသတ်အချစ်တွေကို များစွာရရှိထားတဲ့ အဆိုတော် ရတနာမိုင်ရဲ့ အခုရက်ပိုင်း ထွက်ရှိထားတဲ့ “မှားမိပြီ” Music Video က ကြိုက်နှစ်သက်ရာသီချင်းအပိုဒ်ကို မိမိ စိတ်ကြိုက်နှစ်သက်ရာအတိုင်း Tiktok ဆော့ပြီး အကောင်းဆုံး ပုံဖော်နိုင်သူကို ရွေးချယ်ဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

“TikTok က မိုင်လေးချစ်ရတဲ့ ပရိသတ်တွေအတွက် အထူးအစီအစဉ်လေး လုပ်ပေးထားပါတယ်။ မိုင်လေး လက်ရှိ အသစ်ထွက်ရှိထားတဲ့ မှားမိပြီ သီချင်း MTV လေးထဲက ကြိုက်နှစ်သက်ရာ အပိုဒ်လေးကိုယူပြီး ကိုယ်နှစ်သက်ရာပုံစံအတိုင်း TikTok ဆော့ပေးရမှာပါ။ ဒီမှားမိတယ် သီချင်းလေးကို TikTok ဆော့ပေးကြတဲ့ ချစ်ရသူတွေထဲကမှ မိုင်လေး အကြိုက်ဆုံး ဆော့ထားနိုင်သူကို ဆုချီးမြှင့်သွားမှာပါ” လို့ ရတနာမိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-14_14-35-15-683x1024.jpg

အဆိုတော် ရတနာမိုင်ရဲ့“မှားမိပြီ” သီချင်းက Night Life မှာ ပျော်နေတဲ့ကောင်လေးကိုမှ ချစ်မိခဲ့တဲ့ အမှားကို ရေးသားဖော်ကျူးထားတဲ့ တေးသီချင်းမျိုးဖြစ်ပြီး တေးရေး တေးဆို ဝေကြီးနဲ့ အတူ မှုံနံ့သာဝင်းမောင်တို့က ပါဝင်သရုပ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်။

TikTok ဆော့သူတွေ အများကြီးထဲကမှ အကြိုက်ဆုံးသူကို အထူးဆုအနေနဲ့ ကျပ် ၁၅၀၀၀၀ ၊ Viewer အများဆုံးရှိထားသူကို ငွေကျပ် ၁၅၀၀၀၀ ၊ ဒုတိယဆုကို ကျပ် ၁၀၀၀၀၀ ၊ တတိယဆုကို ကျပ် ၅၀၀၀၀ နဲ့ နှစ်သိမ့်ဆုကိုလည်း ကျပ် ၃၀၀၀၀ စီပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရွေးချယ်ခံရလို့ ဆုရရှိသူတွေကို လာမယ့် စက်တင်ဘာ ၂၄ရက်မှာ ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေနဲ့ သက်ဆိုင်တဲ့ ပညာပေးဗွီဒီယိုတွေကို ဝေမျှသွားမှာဖြစ်ပြီး MPT ရဲ့ တရားဝင်မီဒီယာအပြင် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဆိုရှယ်မီဒီယာချန်နယ်တွေကနေတစ်ဆင့်လည်း ဖော်ပြပေးသွားမယ်လို့ သိရ…

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?

Leave a Reply

Your email address will not be published. Required fields are marked *