October 19, 2024

၁၃. ၉. ၂၀၂၃

Written by Nyein Kyaw

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေး(20th ASEAN Air Chiefs Conference-20th AACC) ကို ယနေ့ပြုလုပ်ခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကာ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဘရူနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen.Soeung Samnang ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် အစည်းအဝေးတက်ရောက်ရန် စက်တင်ဘာ ၁၂ ရက်တွင် နေပြည်တော်သို့ ကြိုတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 378184118_122109964436030934_5055725552871354449_n.jpg

အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး သဘာပတိဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပြီး “ASEAN Air Forces’ Cooperation for Sustainable Environment” အကြောင်းအရာအား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အသီးသီးဆွေးနွေးခဲ့ပြီး ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံ လေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့သည်။

ထို့နောက် သီးခြားဆွေးနွေးလိုသောအချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ဆက်လက်၍ သဘာပတိဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

This image has an empty alt attribute; its file name is 378226145_122109964526030934_1484200267878640781_n.jpg

(၁၁) ကြိမ်မြောက် ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (11th AACC) အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုကျင်းပသည့် အစည်းအဝေးသည် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်ညနေပိုင်းတွင် 20th AACC ကို တက်ရောက်လာကြသော လေတပ်ဦးစီးချုပ်များဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဝင်များက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးထံ ဖူးမြော်ကြည်ညိုခဲ့သည်။ထို့အတူ ယနေ့ မနက်ပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဇနီးနှင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *