October 19, 2024

Photo- Credit

၁၃. ၉. ၂၀၂၃

Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ကမ္ဘောဇပန်းခြံထောင့်၊ တပင်ရွှေထီးလမ်း၊ ဝေယံ လက်ဖက်ရည်ဆိုင်မှာ ရဲအုပ်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတစ်ခု ဒီနေ့မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

News of Myanmar သတင်းဌာနမှာတော့ ဒီဖြစ်စဥ်ကို “ရွှေပြည်သာတွင် ရဲအုပ်တစ်ဦးကို ပန်းစည်းပေးပြီးသေနတ်ဖြင့်ပစ်” လို့ ရေးသားထားပြီး ဖြစ်စဥ်ကတော့ ဒီနေ့ စက်တင်ဘာ ၁၃ ရက်နေ့လယ်၂ နာရီ ၄၅ မိနစ်အချိန်မှာ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းမှာရှိတဲ့ ဝေယံလက်ဖက်ရည်ဆိုင်မှာ ရဲအုပ်အောင်သက်ထွေး လက်ဖက်ရည်သောက်နေချိန် PDF နှစ်ဦးရောက်လာပြီး တစ်ဦးက ပန်းစည်းပေးလို့ ရဲအုပ်ကလက်ခံယူနေချိန် တစ်ဦးက သေနတ်နဲ့သုံးချက်ပစ်ခတ်ခဲ့တဲ့အတွက် ရဲအုပ်ဟာ ညာဖက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရတာကြောင့် ဆေးရုံကို ပို့ဆောင်ကုသချိန် ၃ နာရီ ၁၀ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့တာလို့ သိရပြီး ဒီဖြစ်စဥ်မှန်ကန်တယ်လို့လည်း MT News သတင်းဌာနရဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပေးပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်မှာ ပန်းစည်းပေးတဲ့သူက အမျိုးသမီးငယ်တစ်ဦးလို့လည်း သိရပြီး ရဲအုပ်ဟာ ပန်းစည်းကိုယူလိုက်ချိန်မှာ အတူတူပါလာတဲ့အမျိုးသားက သေနတ်နဲ့ဆက်တိုက်ပစ်သွားတာလို့လည်း သိရပြီး ဒီဖြစ်စဥ်အတွက် ရွှေပြည်သာမှာ လုံခြုံရေးတင်းကျပ်စစ်ဆေးနေတယ်လို့ သိရသလို အသေးစိတ်သိရတာတွေကိုလည်း MT News က ဆက်​လက်ဖော်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *