October 18, 2024

တရုတ်နိုင်ငံသို့ထွက်ခွာသွားသော မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဥ်

MT news

၁၃. ၉. ၂၀၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative – BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် ဦးဆောင်၍ စီမံကိန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative – BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ကြမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS (Sanitary and Phytosanitary Measures) သဘောတူစာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *