October 18, 2024

၁၄. ၉.၂၀၂၃
Written By Thandar

တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ “ဒါလေးများ” တေးသီချင်းကို အနုပညာတန်ိဖုးထားရူးသွပ်မှုအဖြစ်နဲ့ ကျပ်သိန်း ၃၀ အကုန်ခံပြီး ပြန်လည်ဖန်တီးလိုက်တယ် လို့ တေးသံရှင် ကျော်ကျော်နန္ဒက MTNews Entertainment ကို ပြောပါတယ်။

ကျော်ကျော်နန္ဒနဲ့ ကျော်ကျော်အိန္ဒြာတို့ သီဆိုထားတဲ့ “ဒါလေးများ” Music Video ကို လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ Melo Music, Online Platform, YouTube တွေမှာ စတင်ဖြန့်ချိမယ်လို့လည်း သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-14_11-38-26-682x1024.jpg

“ဟိုတုန်းထဲက ဦးဂျက်မြသောင်းဆိုထားတယ်။ အန်တီ ခိုင်ခင်ဦး၊ မတင့်တင့်ထွန်းတို့ ဆိုထားတဲ့ သီချင်းလေးပေါ့ ။ ကျွန်တော်က ကရခုန်ရတဲ့ မြူးမြူးကြွကြွ တေးသီချင်းဆိုကြိုက်တယ်။ အမှတ်တရလည်း ဖြစ်အောင် ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်လို့ တူအရီးနှစ်ယောက်ဆိုဖြစ်လိုက်တာပါ။ ဖေကြီး ဦးမိုးဒီတို့ ဖွားဖွားစန်းစန်းဝင်းတို့လည်း ထည့်ရိုက်ထားတာပါ။ ဒီသီချင်းလေးကို လက်ရှိခေတ်ပုံစံလေး ရိုက်ထားတာမို့ လူကြီးတွေနဲ့ ပရိသတ်ကို တစ်မျိုးမမြင်စေချင်ပါဘူး။ တူမရဲ့ သရုပ်ဆောင် အနုပညာမောင်နှမလေးတွေက မေတ္တာနဲ့ ရိုက်ကူးပေးကြတယ်။ တေးသီချင်းဝယ်ယူတာတို့ တေးသီချင်းဖန်တီးမူ ရိုက်ကူးမှုပိုင်းတွေ သိန်းတစ်သောင်းကျော်တန်ကားလည်း ငှားရိုက်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လာမယ့် Income ကို မကြည့်ဘဲ အနုပညာကို တန်ဖိုးထားရူးသွပ်မှုအနေနဲ့ ကျပ်သိန်း ၃၀ကျော် အကုန်ကျခံရိုက်ကူးထားပါတယ် ”လို့ ကျော်ကျော်နန္ဒက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-14_11-38-51-682x1024.jpg

တေးရေး ဂျက်မြသောင်းရဲ့ တေးသီချင်းကို လီယိုနက်မောင်မောင် တေးဂီတက တီးခတ်ပေးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ နေလင်း ၊ ရွှေပိုးကောင် နဲ့ ဂျက်တို့က သရုပ်ဆောင်တွေဖြစ်တဲ့ မိုးဒီ ၊ ကျော်ကျော်နန္ဒ ၊ ရှင်ဘုန်းပြည့် ၊ ရဲပီတိ ၊ ပြည့်ဖြိုးစံ ၊ ရဲရင့်ထွန်း ၊ ဦးကျော် ၊ ဒေါ်စန်းစန်းဝင်း ၊ ခက်ဝေမိုး ၊ နန္ဒလင်း ၊ မေလမင်း ၊ ကျော်ကျော်အိန္ဒြာ ၊ ဇူးမြတ်နိုး တို့နဲ့ ရိုက်ကူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *