October 19, 2024

ရုရှားလက်လီအရောင်းဆိုင်များက မြန်မာ့ကော်ဖီကို ဝယ်ယူတင်သွင်းရန် လုပ်ဆောင်နေ

၁၄. ၉. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ်အသစ်ကို ချုပ်ဆိုရန် သဘောတူညီခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ရုရှားအခြေစိုက် သတင်းဌာနက ဖော်ပြထားသည်။

ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxim Reshetnikov သည် ရုရှားနိုင်ငံတွင်ကျင်းပနေသော အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုတက်ရောက်လာသည့်မြန်မာဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့နှင့် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းကိစ္စများကို ဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက” ရုရှားနဲ့ မြန်မာနိုင်ငံကြားမှာ စိုက်ပျိုးရေးထုတ်ကုန်များ၊ စွမ်းအင်အရင်းအမြစ်များအပါအဝင် နှစ်နိုင်ငံကြား ကုန်သွယ်မှု တိုးတက်လာမယ့် အလားလာတွေရှိနေတယ်”ဟု‌ ပြော သည်။

၂၀၂၃ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမြင့်တက်လာခဲ့ကြောင်း သိရသည်။ ရုရှား လက်လီအရောင်းဆိုင်များသည် မြန်မာ့ကော်ဖီကို ဝယ်ယူတင်သွင်းနိုင်ရန် လုပ်ဆောင်နေပြီး အမြဲတမ်း အမျိုးအစားတွင်မိတ်ဆက်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော အရှေ့ဖျားစီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်တက်ရောက်နေပြီး နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် ရုရှားအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ရုရှားနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက ပိုမိုကောင်းမွန်လာခဲ့ပြီး နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုများကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Ref; AKM.ru

Leave a Reply

Your email address will not be published. Required fields are marked *