October 19, 2024

၁၄. ၉. ၂၀၂၃
Written by Pan Ei

မကြာသေးမီက တရုတ်နယ်စပ်ဖြတ်ကျော်ဂိတ်မှာ အကောက်ခွန်အရာရှိတွေက အမျိုးသမီးတစ်ယောက်ရဲ့ ထူးဆန်းနေတဲ့ ခန္ဓာကိုယ်နဲ့ ကြီးမားနေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတာကို သတိပြုမိပြီးနောက် စစ်ဆေးခဲ့ရာ သူမရဲ့အတွင်းခံဘရာစီယာထဲ ဖွက်သယ်လာခဲ့တဲ့ အိမ်မြှောင်မျိုးနွယ်စုဝင် တွားသွားသတ္တဝါအရှင် ၁၆ ကောင်ကို တွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးကို ဆက်သွယ်ထားတဲ့ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ်၊ ရှန်ဇန်မြို့က ဖူတီယန်ဆိပ်ကမ်းကနေတစ်ဆင့် ဟောင်ကောင်ကို ခိုးသွင်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အိမ်မြှောင်မျိုးနွယ်စုဝင် တွားသွားသတ္တဝါအရှင်တွေကို အိတ်တွေထဲထည့် တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ အတွင်းခံထဲ ထည့်သယ်ခဲ့တာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-14_11-12-55.jpg

ဖမ်းမိတဲ့ အိမ်မြှောင်တွေကတော့ Sailfin နဂါး (Hydrosaurus amboinensis) လို့လည်း လူသိများတဲ့ Sailfin အိမ်မြှောင်အမျိုးအစားဖြစ်ပြီး Iguana နဲ့ ဆင်တူတဲ့ တွားသွားသတ္တဝါတွေ ဖြစ်ပါတယ်။ Sailfin အိမ်မြှောင်တွေဟာ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မျိုးရင်းသတ္တဝါတွေဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေအနီးက ဒေသတွေမှာ အဓိကနေထိုင်ကြပါတယ်။

Sailfin အိမ်မြှောင်တွေဟာ နေထိုင်ရာနေရာ ဆုံးရှုံးခြင်းနဲ့ ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားမှုတွေကြားမှာ သိသိသာသာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပုံမှန်မဟုတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တွားသွားသတ္တဝါတွေကို မွေးချင်တဲ့ လူတွေအကြားမှာ Sailfins တွေက ရေပန်းစားလျက်ရှိပြီး အဲ့ဒါကြောင့်ပဲ အိမ်မွေးတိရစ္ဆာန် တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုတွေ မြင့်တက်လာစေတာပါ။

တရုတ်ဆိပ်ကမ်းတွေကတစ်ဆင့် တွားသွားသတ္တဝါတွေကို ခိုးသယ်ဖို့ ကြိုးပမ်းမှုတွေကို ဖမ်းမိတာဟာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဖူတီယန်ဆိပ်ကမ်းမှာပဲ မြွေငါးကောင်ကို ဘရာစီယာထဲ ဖွက်သယ်ပြီး တရုတ်နိုင်ငံထဲကို သယ်ဆောင်ဖို့ ကြိုးပမ်းလို့ အမျိုးသမီးတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *