October 19, 2024

၁၄. ၉. ၂၀၂၃
Written by Peya

အသက်မပြည့်သေးသူ အမျိုးသမီး အပါအဝင် အမျိုးသမီးငယ် နှစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းခဲ့သူ ၄ အနက် ၂ ဦးကို ထောင်ဒဏ် တစ်သက် အပါအဝင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ စက်တင်ဘာလ ၁၄ ရက်တွင် သိရသည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော်ကျော်နှင့် ထားထားမြင့်(ခ)မထက်၊ ချမ်းမြသာစည်မြို့နယ်နေ စောမြတ်သူ(ခ)မြတ်သူနှင့် အေးချမ်းမိုး (ခ) စုစုတို့က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ မ — ၊ ၁၅ နှစ်နှင့် မ — ၊ ၁၈ နှစ်တို့ကို အဓမ္မပြည့်တန်ဆာအဖြစ်ခိုင်းစေရန် ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ) ၂၀/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် တရားခံ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော်ကျော်နှင့် ထားထားမြင့်(ခ)မထက်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၀အရ ထောင်ဒဏ်တစ်သက်စီနှင့် စောမြတ်သူ(ခ)မြတ်သူနှင့် အေးချမ်းမိုး(ခ)စုစုတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) အရ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *