October 18, 2024

၁၃. ၉. ၂၀၂၃
Written by Pan Ei

နှစ်စဉ်နှစ်တိုင်း MTV ရုပ်သံလိုင်းကနေ ထူးချွန်သူတွေကို ဆုပေးအပ်ချီးမြှင့်တဲ့ MTV Video Music Awards (အတိုကောက်အနေနဲ့ VMAs လို့ လူသိများ) ရဲ့  ၂၀၂၃ ခုနှစ်အတွက်ကိုတော့ အင်္ဂါနေ့ (စက်တင်ဘာ ၁၂ ရက်) က နယူးယော့ခ်မြို့က Prudential Center မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီပွဲမှာ ကမ္ဘာကျော် ပေါ့ပ်အဆိုရှင် တေလာဆွစ်ဖ်ဟာ ဆုကြီး ၃ ဆု အပါအဝင် စုစုပေါင်း ဆု ၉ ဆုကို ရရှိခဲ့ကာ တေလာဆွစ်အတွက် စံချိန်တင် အရေအတွက် ဖြစ်စေခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-13_16-29-40-2-1024x653.jpg

တေလာဆွစ်ဖ်နဲ့ပဲစတင်ကာ တေလာဆွစ်ဖ်နဲ့ပဲအဆုံးသတ်ခဲ့တဲ့ မနေ့ကပွဲမှာတော့ သူမက Anti Hero သီချင်းနဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး ဗီဒီယိုဆု၊ သီချင်းဆု၊ အနုပညာရှင်ဆု အပါအဝင် ဆု ၉ ဆု ရရှိခဲ့ခြင်းဖြစ်ကာ တောင်ကိုရီးယား အမျိုးသားအဆိုရှင်အဖွဲ့ Stray Kids က အကောင်းဆုံးကေပေါ့ပ်ဆု၊ Nicki Minaj က အကောင်းဆုံး Hip Hop ဆု၊ Blackpink က Pink Venom သီချင်းနဲ့ အကောင်းဆုံးကကွက်ဆုနဲ့ အကောင်းဆုံးအဖွဲ့ဆု၊ BTS အဖွဲ့ဝင် Jungkook က Seven သီချင်းနဲ့ နွေရာသီအတွက် အကောင်းဆုံးသီချင်းဆု၊ Shakira က တစ်သက်တာ ဗီဒီယိုရှေ့ပြေးဆု စသဖြင့် ရရှိခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-13_16-29-42.jpg

တေလာဆွစ်ဖ်ဟာ အခုနှစ် VMAs မှာ ဆု ၉ ဆုရရှိခဲ့တာကြောင့် စုစုပေါင်း ဆု ၂၃ ဆု ရရှိခဲ့ပြီဖြစ်ကာ စုစုပေါင်း ဆု ၃၀ ရရှိထားတဲ့ ဘီယွန်းဆေးပြီးရင် ဒုတိယအများဆုံးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် VMAs သမိုင်းတစ်လျှောက် ဆုပေးပွဲ တစ်ခုထဲမှာ တေလာဆွစ်ဖ်ရရှိခဲ့တဲ့ ၉ ဆု ဆိုတဲ့ ဆုအရေအတွက်ထက်များတဲ့ သူကတော့ ၁၉၈၇ ခုနှစ်က ဆု ၁၀ ဆုရရှိခဲ့တဲ့ Peter Gabriel ပဲ​ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် MTV VMAs ပွဲကိုတော့ Rap အဆိုတော် Nicki Minaj က ဦးဆောင်ကာ အစီအစဉ်တင်ဆက်ခဲ့ပြီး Shakira၊ Megan Thee Stallion၊ Cardi B၊ Demi Lovato၊ Olivia Rodrigo၊ Kaliii၊ Stray Kids နဲ့ Nicki Minaj စတဲ့သူတို့က ခမ်းနားစွာ ဖျော်ဖြေခဲ့ကြပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *