October 18, 2024

၁၃. ၉. ၂၀၂၃
Written By Thandar

Facebook Cele သျှားမင်းပိုင် ပျောက်နေတာ ၃ ရက်ရှိပြီမို့ စိတ်ပူနေတယ်လို့ အတူနေသူငယ်ချင်းဖြစ်သူ ကိုဝင်းကိုကိုမျိုးက MTNews ကို ပြောပါတယ်။

“သျှားမင်းပိုင်က ၉ ရက်နေ့ ညနေပိုင်းက သူငယ်ချင်းတွေဆီ ခဏသွားမယ်ဆိုပြီး အပြင်ထွက်သွားတာပါ။ ညပိုင်း ၈ နာရီကျော်လောက် အဆက်အသွယ်ရပြီး နောက်ပိုင်းမှာ ဖုန်းကစက်ပိတ်သွားတယ်။ ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတာပါ။ သမိုင်း မုဒိတာအိမ်ယာကို သွားလည်ကြတာပါ။ သူနဲ့ ရင်းနှီးတဲ့သူတွေများတော့ ကျွန်တော်က မျက်မှန်းတန်းမိရုံပဲရှိတယ်။ သေချာ သူ့သူငယ်ချင်းတွေ မသိဘူး။ နာမည်တွေ သေချာမသိဘူး။ အဲဒီလူတွေကို စုံစမ်းကြည့်တော့လည်း အဲဒီလူတွေလည်း ပျောက်နေတယ်။ ပျောက်နေတာ သျှားမင်းပိုင်အပြင် ခန့်မှန်း ၃ ယောက်ပျောက်နေတာပါ။ သူမသွားခင်က အဲဒီ​မှာပဲရှိနေမယ်။ ညပိုင်းပြန်လာမယ်ပြောလို့ အိမ်ကပဲ စောင့်နေတာပါ။ ညဘက်ဆက်တော့ ဖုန်းနဲ့ ၈ နာရီမှာစကားပြောခဲ့တယ်။ နောက်ပိုင်းမှာ ဖုန်းစက်ပိတ်သွားတာပါ။ အဆက်အသွယ်မရလို့ စိတ်ပူနေတာပါ ”လို့ သူငယ်ချင်းဖြစ်သူ ကိုဝင်းကိုကိုမျိုးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-13_16-00-07-636x1024.jpg

သူဟာ သူငယ်ချင်း ၂ ယောက်နဲ့အတူ ရန်ကုန်မြို့ မြေနီကုန်းမှာ နေထိုင်တာလည်း ဖြစ်ပါတယ်။ သျှားမင်းပိုင်က သူငယ်ချင်းဖြစ်သူရှိရာ မုဒိတာအိမ်ရာကို သွားရင်းက ၄ ဦးပျောက်ဆုံးပြီး အဆက်အသွယ် ပြတ်နေတာလည်း ဖြစ်ပါတယ်။

ပရိသတ်က ဝတ်မှုန်ရွှေရည်နဲ့တူတယ်လို့ ပြောကြတဲ့ သျှားမင်းပိုင်က စက်တင်ဘာ ၉ ရက် ည၈ နာရီအထိပဲ အဆက်အသွယ်ရခဲ့ပြီး လက်ရှိ စက်တင်ဘာ ၁၃ ရက် လေးရက်မြောက်လာချိန်အထိ အဆက်အသွယ်ပြတ်ပြီး လူပျောက်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *