October 19, 2024

၁၃. ၉. ၂၀၂၃
Written by Nyein Kyaw

သထုံ-ဘားအံလမ်းမကြီးတွင် မှန်လုံခရီးသည်ယာဉ်ငယ်တစ်စီး အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ ပြုတ်ကျ၍ လိုက်ပါလာသူ ငါးဦးအနက် တစ်ဦးမှာ ရေထဲခေါင်းစိုက်ကာ ရေမွန်းပြီးသေဆုံးခဲ့ကြောင်း ပေးဆပ်သူ (Rescue) ပရဟိတအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၁၃ ရက် မနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်-မြဝတီ ပြေးဆွဲနေသည့် မှန်လုံယာဥ်ငယ်တစ်စီးသည် သထုံ-ဘားအံလမ်းမကြီး၊ အထက်ကော့ရင်းကျေးရွာ၊ ဆန်းထူးကုမ္ပဏီကွေ့၌ အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-13_14-06-08-2-1024x674.jpg

အရှိန်လွန်ကာ ရေမြောင်းအတွင်းသို့ တိမ်းမှောက်ခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ငါးဦးအနက် အသက် ၅၂ ခန့်ရှိ အမျိုးသားခရီးသည်တစ်ဦး ရေမြောင်းထဲသို့ ခေါင်းစိုက်ကာ ရေမွန်းပြီး သေဆုံးသွားခဲ့သဖြင့် သေဆုံးရုပ်အလောင်းအား ရင်ခွဲစစ်ဆေးအတည်ပြုနိုင်ရန် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကျန်တဲ့လေးယောက်က ဒဏ်ရာလုံးဝမရဘူး။ သေသွားတဲ့တစ်ယောက်ကတော့ ရေထဲမှာ ခေါင်းစိုက်ပြီးတော့ ရေမွန်းပြီးတော့ သေသွားတဲ့သဘောပေါ့။ အားလုံးကားထဲမှာပဲ ရေမြောင်းက ဒူးခေါင်းလောက်ပဲရှိပါတယ်။ အဲဒီထဲကို ပြုတ်ကျသွားတာ။ ရှေ့ကားကို ရှောင်ရင်းတော့မဟုတ်ဘူး။ သူ့ဘာသာ အရှိန်လွန်ပြုတ်ကျတာ” ဟု ပေးဆပ်သူ (Rescue) ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *