October 18, 2024

၁၃. ၉. ၂၀၂၃
Written By Thandar

အလှမယ်လောကထဲကတစ်ဆင့် ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆို တော် ဝိုင်းလေးကတော့ “လက်ခံပြီးသား” ၊ “တာဝန်အရ” တေးသီးချင်းတွေက Milestone တေးလေးတွေဖြစ်ပြီး အရမ်းကို ပေါက်ခဲ့ပေမဲ့ အသီးအပွင့်တွေ အကျိုးခံစားခွင့်တွေ လုံးဝမရခဲ့ဘူးလို့ ရင်ဖွင့်လာပါတယ်။

“Melo Music က View အများဆုံးဆုကို ရရှိတဲ့အတွက်လည်း ဝိုင်းလေးပျော်ပါတယ်။ ဝိုင်းလေးက ဖိုး လေး ခိုင်ထူးရဲ့ နေရာဟောင်း တေးသီချင်းလေးနဲ့ 9 Million Views ဆုရရှိတာပါ။ တင်ကြတဲ့ Platform တွေလည်း မတူကြဘူးလေ။ ဝိုင်းလေးကို ဒီသီချင်းလေး ဆိုခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ပထမခွေတွေတုန်းက YouTube တွေလည်း ခေတ်မစားသေးတော့ ကိုယ့်အသီးအပွင့် မခံစားခဲ့ရဘူး။ လက်ခံပြီးသားတို့ တာဝန်အရတို့ဆိုရင် ဒီသီချင်းတွေရဲ့ အသီးအပွင့်ကို မခံစားခဲ့ရဘူး။ ကိုယ့်ရဲ့ Milestone တေးလေးတွေပေမဲ့ အရမ်းကိုပေါက်ခဲ့ပေမဲ့ အကျိုးခံစားခွင့်လုံးဝမရခဲ့ဘူး”လို့ အဆိုတော် ဝိုင်းလေးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-13_10-34-06-706x1024.jpg

သူမကဟာ Melo Music မှာ ခိုင်ထူးရဲ့ နေရာဟောင်း တေးသီချင်းလေးနဲ့ 9 million Views ဆုရရှိတာလည်း ဖြစ်ပါတယ်။ Melo Application Music Launch ပွဲ မှာ 16.6 + Million Views နဲ့ အဆိုတော် ညီမင်းခိုင်က ပထမဆု ရရှိခဲ့သလို 11 + Million နဲ့ အဆိုတော် ဂျူဝယ်က ဒုတိယဆုရရှိခဲ့​တာလည်း ဖြစ်ပါတယ်။ ဝိုင်းလေးက တစ်ကိုယ်တော် သီချင်းခွေထွက်ရှိခဲ့သလို ကိုရီးယားနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ်က တေးသီချင်း ဖျော်ဖြေပွဲတစ်ခု လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

“ဖိုးလေး ခိုင်ထူးရဲ့ နေရာဟောင်းကတော့ ပြန်ဆိုတေးအနေနဲ့ ပထမဦးဆုံး ပြန်ဆိုဖြစ်တာပါ။ အမှန်ဆိုရင် ပြန်ဆိုတေးကို မဆိုဖြစ်ဘူး။ တာဝန်ကြီးလို့ လေ။ ဖိုးလေးခိုင်ထူးရဲ့ ဂန္တဝင်သီချင်းလေးဖြစ်တယ်။ သေချာ လေ့ကျင့်ပြီးဆိုခဲ့တာပါ။ ပရိသတ် အသိအမှတ်ပြုခံရလို့ပျော်ပါတယ်။ တစ်ချိန်က ပြန်ဆိုတေး သီချင်းတွေက တစ်လုံးချင်းစီက စာသားတွေက လေးနက်မှုတွေရှိတယ်။ နဂိုမူရင်းအဆိုရှင်ရယ် တေးရေးဆရာ စာသားတွေ ဖန်တီးထားတဲ့ Band တေးရသလေးတွေကို ပျောက်ပျက်မသွားကို သေချာလေ့ကျင့်ရတာတွေရှိပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-13_10-34-07-683x1024.jpg

ဝိုင်းလေးက စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာတော့ The Heart of Rangoon ရဲ့ The Best of Win Min Htwe အနေနဲ့ သီချင်းဟောင်း ၅ ပုဒ်နဲ့ ပါဝင်သီဆိုဖျော်ဖြေမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *