October 18, 2024

၁၀. ၉. ၂၀၂၃

Written By Thandar

ပရိသတ်တွေအတွက် အိမ်ထောင်ရေးခံစားချက်ရသတွေ များစွာပေးခဲ့တဲ့ “လောင်” ဇာတ်လမ်း Fan Meeting ပွဲကို စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Time City Promotion Area မှာ စည်ကားသိုက်မြိုက်စွာပြုလုပ်ခဲ့ပါတယ်။

” ခုလို ပရိသတ်တွေ အားပေးကြတာတွေ့ရတော့လည်း ပျော်ရပါတယ်။ ကျွန်တော်တို့ ကြိုးစားရတာ အားဖြစ်စေတာပေါ့ဗျာ။ တချို့ပရိသတ်တွေ ဆဲနေကြတာကိုလည်း ကျေနပ်ပါတယ်။ ကာရိုက်တာ ပီပြင်လို့ ဆဲကြတယ်လို့ပဲမြင်ပါတယ်။ ပရိသတ်တွေ မထင်မှတ်ထားတဲ့ အပိုင်းလေးတွေ လာဖို့ရှိပါတယ်။ စိတ်ဝင်စားစရာအခန်းတွေ ဖြစ်လာမှာပါ”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။

This image has an empty alt attribute; its file name is 376775407_122097127256040280_5779470612389776222_n.jpg

ဒီအခမ်းအနားကို ညီထွဋ်ခေါင် ၊ ချောရတနာ ၊ ဖူးစုံ ၊ တိုင်ရွန် ၊ ရှိန်းတင်ထူး၊ ထက်ထက်ထွန်း ၊ ဆုအိမ့်စံ ၊ ဩဂတ်စ်မိုး စတဲ့အနုပညာရှင်တွေ တက်ရောက်ခဲ့ပြီး ဇာတ်ဝင်တေးကို မေရီဝင်းက သီဆိုဖျော်ဖြေခဲ့ပါတယ်။

တက်ရောက်လာတဲ့ ပရိသတ်တွေကို Surprise အစီအစဉ်တွေနဲ့ ပျော်ရွှင်စရာ ဂိမ်းတွေ ဆော့ကစားပြီး လက်မှတ်ရေးထိုးကာ ဆုလက်ဆောင်‌တွေကို Mahar က ပေးအပ်ခဲ့ပါတယ်။ လူကြိုက်များနေတဲ့ “လောင်” ဇာတ်လမ်းတွဲကို လက်ရှိ Mahar Application မှာ ထုတ်လွှင့်ပြသနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *