October 18, 2024

၁၂. ၉. ၂၀၂၃
Written by Pan Ei

နာမည်ကျော် ထိုင်ဝမ်အဆိုတော် ဂျေချူးရဲ့မကြာသေးမီက ကျင်းပခဲ့တဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက Surprise အနေနဲ့ ဂျေချူးနဲ့အတူ လာရောက်ဖျော်ဖြေပေးခဲ့တာကြောင့် ပွဲလာကြည့်တဲ့ ပရိသတ်တွေအနေနဲ့ ဂီတနဲ့ ရုပ်ရှင်လောက,က ကြယ်ပွင့်နှစ်ယောက်ကို စင်မြင့်တစ်ခုတည်းမှာ ကြည့်ရှုခွင့်ရရှိခဲ့ကြတာကြောင့် သူတို့ရဲ့ လက်မှတ်ဖိုးဟာဆိုရင် အတော်လေးကို တန်ခဲ့တယ်လို့ ပြောရမှာပါ။

ဂျက်ကီချန်းလာရောက်ခဲ့တဲ့ ပွဲကတော့ ဂျေချူးရဲ့Carnival ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံ တီယန်ဂျင်း အိုလံပစ်စင်တာမှာ ဖျော်ဖြေခဲ့တဲ့ပွဲရဲ့ တတိယမြောက်နေ့မှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-12_15-30-45-3.jpg

အဲ့ဒီဖျော်ဖြေပွဲမှာ ဂျေချူးက သူ့ရဲ့ နာမည်ကြီးသီချင်း Far Away ကို ဖျော်ဖြေနေချိန် စက္ကန့်ပိုင်းအတွင်း ဝါရင့်ဖျော်ဖြေရေးသမား ဂျက်ကီချန်းက စင်ပေါ်မှာ ပေါ်လာပြီး သူနဲ့ အတူတကွ သီဆိုကာ ဖျော်ဖြေခဲ့တာကြောင့် စင်အောက်က ပရိသတ်လူအုပ်ကြီးရဲ့ လက်ခုပ်သြဘာသံတွေက ကျယ်လောင်စွာနဲ့ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

လာရောက်ဖျော်ဖြေပေးတဲ့ ဂျက်ကီချန်းကို ဂျေချူးက စင်ပေါ်မှာ “လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး” လို့ပြောကြားခဲ့သလို သူတို့ရဲ့ အတူတကွဖျော်ဖြေပွဲမှုအပြီး ဂျက်ကီချန်းက စင်ပေါ်ကနေ မထွက်ခွာခင်မှာ သူနဲ့ ဂျေးချူးတို့ကို သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်တွေမှာ ပံ့ပိုးပေးခဲ့ကြတဲ့ ပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-12_15-30-45-2.jpg

ဒါဟာ ဂျေချူးရဲ့ ဖျော်ဖြေပွဲမှာ ဂျက်ကီချန်းလာရောက်ဖျော်ဖြေပေးတာက ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်ကလည်း ဟောင်ကောင်က AsiaWorld-Expo က ဖျော်ဖြေပွဲကို ဂျက်ကီချန်း လာရောက်ကာ ပရိသတ်ကို အံ့အားသင့်စေခဲ့ပြီး Understanding My Heart သီချင်းကို သီဆိုခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဂျေချူးရဲ့ Carnival ကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြီးဆုံးနိုင်ဖွယ်ရှိပြီး နောက်ဖျော်ဖြေသွားမယ့် မြို့တွေကတော့ ဘန်ကောက်၊ လန်ဒန်၊ မဲလ်ဘုန်းနဲ့ ယိုကိုဟားမားမြို့တွေဖြစ်တယ်လို့ သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *