October 18, 2024

၁၁.၉.၂၀၂၃

Written By Thandar

အသံစွဲအားကောင်းကောင်း တေးသီချင်းအသံချိုချိုလေးတွေကြောင့် ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့ အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်ကတော့ နေ့စေ့လစေ့ကိုယ်ဝန်လေးနဲ့ မိခင်လောင်းဖြစ်တော့မှာ ဖြစ်ပါတယ်။

“လောကမှာ အမွန်မြတ်ဆုံးမိခင်ဖြစ်လာဖို့ ကောင်းချီးပေးတဲ့ ဘုရားသခင်ဂုဏ်တော်ချီးမွမ်းပါတယ်”လို့ အဆိုတော် အက်စတာက ပရိသတ်သိအောင်ပြောလာပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်က မကြာခင်မှာ မီးဖွားဖို့ နီးကပ်လာပြီးပဲဖြစ်ပါတယ်။ သူမက ၂၀၂၃ ခုနှစ် လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက် ညနေ ၄ နာရီက ရန်ကုန်မြို Lotte Hotel မှာ ချစ်သူနဲ့ ဖြစ်တဲ့ Bawi Tha Thawng နဲ့ ရွှေလက်တွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is 374514041_122098123922040280_3379367877320878180_n.jpg

သူမဟယ Myanmar Idol Season 3 ပြိုင်ပွဲမှာ မိန်းကလေး Winner ဆု ရရှိထားသူလည်း ဖြစ်ပြီး ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ Unseen Single Song သီချင်းနဲ့ JOOX က ချီးမြှင့်တဲ့ 2020 Popular Song Award ရွှေဆုရရှိထားသူလည်း ဖြစ်ပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်ကအိမ်ထောင်ကျပြီးနောက် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တ ရပ်ဆိုင်းထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *