October 19, 2024

၁၂. ၉. ၂၀၂၃
Translated by Htwe Ko Tun

မြောက်ကိုရီးယားနိုင်ငံအကြီးအကဲ ကင်ဂျုံအန်းဟာ သူ့နိုင်ငံအတွင်း နျူကလီးယားလက်နက်တွေနဲ့ ခဲယမ်းတွေကို ထိန်းချုပ်ထုတ်လုပ်ရာစက်ရုံတွေကို ကွပ်ကဲတဲ့ စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ရုရှားနိုင်ငံကို စက်တင်ဘာလ ၁၂ ရက်မှာ ရထားနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ ခရီးစဉ်အတွင်း ရုရှားကို မြောက်ကိုရီးယားနိုင်ငံထုတ် လက်နက်တွေ ရောင်းချပေးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး အနောက်အုပ်စုနိုင်ငံတွေကလည်း ဒီအတွက် စိုးရိမ်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ တရားဝင် KCNA သတင်းဌာနက ဖော်ပြမှုအရ ကင်ဂျုံအန်းဟာ စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းကတည်းက မြောက်ကိုရီးယားကနေ ထွက်ခွာလာတာဖြစ်ပြီး ထိပ်တန်းအရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရီပြုံးချိုလ် နဲ့ ဂျွန်ချုံး တို့လည်း ပါဝင်ကြလိမ်မယ်လို့ မှန်းဆရပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-12_15-52-30-1024x538.jpg

ခေါင်းဆောင်နှစ်ဦးတို့က ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီမာဗော့စတော့ခ်မြို့မှာ တွေ့ဆုံဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သမ္မတ ပူတင်ကလည်း စက်တင်ဘာ ၁၃ ရက်မှာ ဗလာဒီမာဗော့စတော့ခ်မြို့မှာကျင်းပမယ့် နိုင်ငံတကာဖိုရမ်ကိုတက်ဖို့ စက်တင်ဘာလ ၁၁ ရက်ထဲက ရောက်ရှိနေပါတယ်။သူတို့နှစ်ဦးဟာ ၂၀၁၉ ခုနှစ်က ပထမအကြိမ်အဖြစ် ဒီမြို့မှာပဲတွေ့ဆုံခဲ့ကြတာပါ။ သတင်းတွေအရ ပူတင်က ကင်ကို နိုင်ငံတကာဖိုရမ်အပြီး တွေ့ဆုံမယ်လို့ ဆိုကြပေမယ့် ဘယ်နေရာ၊ ဘယ်အချိန် ဖော်ပြခြင်းမရှိပါဘူး။

ကင်ဂျုံအန်းကို ရုရှားထံ စစ်လက်နက်ပစ္စည်းတွေ မရောင်းချဖို့ အမေရိကန်က သတိပေးကန့်ကွက်မှုတွေ လုပ်နေပေမယ့် မြောက်ကိုရီးယားခေါင်းဆောင်ကတော့ တစ်စုံတစ်ရာအရေးတယူ ပြန်လည်ပြောကြားခြင်း မရှိတာ တွေ့ရပါတယ်။

Ref—-The Independent

Leave a Reply

Your email address will not be published. Required fields are marked *