၁၂. ၉. ၂၀၂၃
Written by Pan Ei
အခုလတ်တလော တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရဟန်းငယ်တစ်ပါးဟာ မင်းသားတစ်ယောက်လိုမျိုး ရုပ်ရည်ချောမောတာကြောင့် နာမည်ကြီးနေပြီး အဆိုပါ ရဟန်း သီတင်းသုံးတဲ့ ဂျော်လာပြည်နယ်၊ ဂျီရီဆန်တောင်ပေါ်က Hwaeomsa ဆိုတဲ့ ဘုရားကျောင်းဟာလည်း နာမည်ကြီးနေကာ ဘုရားကျောင်း လာရောက်လည်ပတ်ခွင့် လက်မှတ်တွေဆိုလည်း အကုန်လုံး ၄ နာရီအတွင်းမှာပဲ ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။
Beomjeong လို့ အမည်ရတဲ့ အဆိုပါ ရဟန်းငယ်ဟာ အွန်လိုင်းပေါ်မှာ “kkot seunim (ပန်းရဟန်း)” ဆိုပြီး လူသိများနေတာဖြစ်သလို အင်စတာဂရမ်မှာလည်း Follower ၂၇၀၀၀ ကျော်ရှိကာ Follower အများစုက အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
အဆိုပါ Hwaeomsa ဘုရားကျောင်းကို လာရောက်လည်ပတ်ခွင့် ကြိုတင်မှာယူတဲ့ လက်မှတ်တွေက လေးနာရီအတွင်းမှာ အကုန်ကုန်ခဲ့တာဖြစ်တယ်လို့ ကိုရီးယားဗုဒ္ဓဘာသာအစီအစဉ်တစ်ခုရဲ့ ဖော်ပြချက်အရ သိရပြီး အဲ့ဒီ ခရီးစဉ်အစီအစဉ်မှာ ရဟန်း Beomjeong နဲ့ လက်ဖက်ရည်သောက်ချိန်လည်း ပါဝင်တယ်လို့ သိရပါတယ်။
Ref; The Straits Times