၁၂. ၉. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် “Welcome, Russians!” အစီအစဉ်ကို အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာလေကြောင်းလိုင်းဖြစ်သော Myanmar Airways International သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရုရှားနိုင်ငံ Novosibirsk မြို့ကြား တိုက်ရိုက်ပျံသန်းပြေးဆွဲမည့် ခရီးစဉ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများကြောင့် ခရီးသွားများသွားလာရန် အဆင်ပြေစေခဲ့သည့်အပြင် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ဖြစ်ခဲ့ကြောင်းလည်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။
မြန်မာနိုင်ငံသည် ရုရှားခရီးသွားများအပြင် ရုရှားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များအတွက် အရှေ့တောင်အာရှဒေသ၏ တံခါးပေါက်ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း၊ ရုရှား စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ဒေါက်တာ ဒေါ်သက်သက်ခိုင်ကပြောသည်။
“ကျွန်မတို့ နိုင်ငံဟာ လှပတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ရုရှားခရီးသွားတွေကို ပြသလိုပါတယ်။ ကျွန်မတို့ဟာ ခရီးသွားများ သွားလာရေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားခရီးသွားများကို ကြိုဆိုရမှာ အလွန်ဝမ်းသာပျော်ရွင်ရဖွယ်ရှိနေပါတယ်။ ကျွန်မတို့ ဝန်ကြီးဌာနဟာ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ အတူတကွပူးပေါင်းပြီး ရုရှားခရီးသွားများကို ဆွဲအောင်နိုင်အောင် “Welcome, Russians.” အစီအစဉ်ကိုစတင်အကောင်ထည်ဖော်တော့မှာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ရဲ့အစိတ်အပိုင်းအရ ကျွန်မတို့ဟာ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အဆိုပြုထားတဲ့ ကိုယ်စားလှယ် ၃၀၊ ခရီးသွားအော်ပရေတာ၊ ရုရှားမီဒီယာတွေကို မြန်မာနိုင်ငံဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်သွားမှာပါ။ အဲဒီလုပ်ဆောင်မှုဟာ စက်တင်ဘာလနောက်ပိုင်း ဒါမှမဟုတ် အောက်တိုဘာလအစောပိုင်းမှာစတင်ဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံကို ရုရှားခရီးသွားတွေ လာရောက်လည်ပတ်တဲ့ခရီးစဉ်တွေဟာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာဖွယ်ရှိနေပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောသည်။
Ref; .interfax