October 18, 2024

၁၂. ၉. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားကြတဲ့ အဆိုတော်တွေဖြစ်တဲ့ ထွန်းနောင်ဆင့်နဲ့ နန့်ချစ်နဒီဇော် စေ့စပ်လိုက်ပြီဖြစ်ပါတယ်။

“ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ နန့်ချစ်တို့ စေ့စပ်ပွဲလေးကို လာရောက်ပြီး မိဘဆွေမျိုးများဆီကရတဲ့ ကောင်းချီးနဲ့တကွ ဝိညာဉ်ရေးရာ ခေါင်းဆောင် ဆရာ၊ ဆရာမတွေပေးတဲ့ ကောင်းချီးကြောင့် အစစအရာရာ အဆင်ပြေတာထက်ကို ပိုခဲ့ပါတယ်။အားလုံးကို အရမ်းကျေးဇူးတင်သလို ပျော်အောင်ထားပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ် Love You So Much Htun Naung Sint” လို့ အဆိုတော် သရုပ်ဆောင် နန့်ချစ်နဒီဇော်က ပရိသတ်သိအောင်ပြောလာပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-12_12-02-29-662x1024.jpg

သူတို့ နှစ်ယောက်ဟာ သြဂုတ် ၂၈ ရက်နေ့က နှစ်ဖက်မိဘတွေရှေ့မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ နန့်ချစ်နဒီဇော်ကတော့ ၂၀၁၃ ခုနှစ်က အိပ်မက်ဆုံရာ Season 4 ပြိုင်ပွဲမှာ 1st Runner Up ဆုနဲ့ စာမျက်နှာသစ် ဇာတ်လမ်းတွဲ ၊ Dancing With The Stars ပြိုင်ပွဲမှာ Winner ဆုတွေလည်း ပါဝင်ခဲ့သလို တေးသီချင်းတွေလည်း ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

“ဂုဏ်ပြုစကားပြောပေးကြတဲ့ နန့်ချစ်တို့ကို ချစ်သောသူများ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်သာ၍ ကောင်ချီးပေးပါစေ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *