October 18, 2024

၁၂. ၉. ၂၀၂၃
Written By Thandar

ပရဟိတမိခင်ကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ သီတင်းကျွတ်ကာလအကြိုအဖြစ် အဝတ်အထည်တွေ ကျပ်သိန်း ၁၀၀ ကျော်ဖိုး လှူဒါန်းခဲ့ပါတယ်။

“ကျွန်မတို့ သီတင်းကျွတ်ကာလလည်း နီးလာပြီဆိုတော့ တကယ်လိုအပ်တဲ့ မိသားစုဝင်တွေကို အဝတ်အထည်တွေ လှူဖြစ်တာပါ။ ကျွန်မတို့ဆီကို လာလှူထားတဲ့ အထည်အသစ်တွေ တချို့လည်းပါသလို ထပ်ဝယ်ပြီးတော့ လှူလိုက်တာပါ။ အဝတ်အထည်တွေက အမျိုးသမီးအဝတ်တို့ အမျိုးသားအဝတ်ရယ်လို့ ခွဲမထားပါဘူး အကုန်ထည့်လှူလိုက်တာပါ။ ခုနှစ်ရက် သားသမီးများ ကောင်းမှုအဖြစ် လှူဒါန်းဖြစ်ပါတာပါရှင့် ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-12_10-09-07-768x1024.jpg

အဆိုပါ လှူဒါန်းမှူမှာတော့ အမျိုးသားနဲ့ အမျိုးသမီးဝတ် အဝတ်အစားအသစ် အစုံ ၁ ထောင်ကျော် လူအယောက် ၃၀၀ စာအတွက် တန်ဖိုးငွေ သိန်း ၁၀၀ ကျော်ခန့်ကို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ Khine Hnin Wai Foundation အနေနဲ့ လက်ရှိ ကလေးဦးရေ ၉၁ ဦးရှိနေပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *