October 18, 2024

၁၂. ၉. ၂၀၂၃
Written by Peya

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် နေအိမ်ကိုဝင်ခိုးသည့် သူခိုးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပြည်သူတစ်ဦး ဒဏ်ရာရသွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ စတင်ဘာ ၁၂ ရက်၊ နံနက်ပိုင်း ၃ နာရီခွဲအချိန်က ပြည်မြို့၊ ပြည်ရတနာလမ်း၊ ကိုးသိန်းဘုန်းကြီးကျောင်းအနီးရှိ နေအိမ်ကို သူခိုးငါးဦးက ဝင်ခိုးရာ တစ်ဦးကို ဝိုင်း၍ဖမ်းဆီးချိန် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-12_09-53-48-1024x770.jpg

“(အထိုးခံရတဲ့သူက) အရမ်းတော့ မပြင်းထန်ပါဘူး။ ခေါင်းရဲ့ ဦးရေပြားလေး ပြဲသွားတာလောက်ပါပဲ။ တစ်ချက်တော့ချုပ်ရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

သူခိုးမှာလည်း ဦးခေါင်းကွဲ ၊ ဘယ်ဘက်ဒူးပြဲလန်ဒဏ်ရာရသွားကာ သူခိုးများ ခိုးခဲ့သည့် ဆိုင်ကယ် (၁)စီး ၊ လက်စွပ် (၁)ကွင်း နှင့် နာရီ (၁)လုံးတို့အားလည်း ပြည်သူများက ပြန်လည်ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

This image has an empty alt attribute; its file name is photo_2023-09-12_09-53-47-1024x770.jpg

“ဖမ်းတော့ ဝိုင်းဖမ်းကြရင်းနဲ့ ထွက်ပြေးတာမှာ ဝိုင်းဖမ်းတဲ့သူကို ကတ်ကြေးနဲ့ ပြန်ထိုးတာပါ။ ဘယ်ဘက်နားထင်ကို ထိမိတာပေါ့။ လာခိုးတာက သူခိုးက ငါးယောက်။ တစ်ယောက်ပဲ ကျန်ခဲ့တာပါ။ ပစ္စည်းအကုန် ပြန်ရတယ်” ဟု ၎င်းကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *