October 19, 2024

MT News

၉. ၉. ၂၀၂၃

ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံကပေးအပ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ တင်ဆောင်လာသော ရုရှားနိုင်ငံမှ ကုန်တင်လေယာဉ်သည် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တင်ဆောင်လာသော အကူအညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊ ပါစတာ(Macaronl) ၁၀ ဒသမ ၅ တန်၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန်တို့ ဖြစ်ကြောင်း သိရသည်၊၊

မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပစ္စည်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့ပေးလျက်ရှိရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ဝန်ကြီးဌာနအသီးသီးတို့နှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *