October 18, 2024

၉. ၉. ၂၀၂၃
Written by Nay Moe

ပေါက်ခေါင်းမြိုနယ်၊ အင်ငါးခွသကြားစက်ရုံမှ အငြိမ်းစားဗိုလ်ကြီးဖြစ်သော စိုက်ပျိုးရေးဒုမန်နေဂျာကို ပြည် PDF က သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြိုနယ်၊ အင်ငါးခွသကြားစက်ရုံမှ စိုက်ပျိုးရေးဒုမန်နေဂျာ ဦးသန်းဝင်း (၆၁) နှစ်သည် စက်ရုံဝန်ထမ်းတစ်ဦးနှင့်အတူ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီအချိန်၌ သကြားစက်ရုံမှ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ တဲကုန်းကျေးရွာအနီးရှိ အင်ငါးခွသကြားစက်ရုံပိုင် စိုက်ပျိုးရေးရုံးသို့ ဆိုင်ကယ်တစ်စီးဖြင့် တောင်နဝင်းဆည် ဆည်မြောင်းဘောင် လမ်းအတိုင်း သွားရောက်စဉ် တဲကုန်းကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာအရောက်တွင် ၎င်းတို့၏အ နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် ပြည် PDF ၂ ဦးက ၎င်းတို့ဆိုင်ကယ်အား တားဆီးရပ်ခိုင်းကာ ဦးသန်းဝင်းအား သေနတ်ဖြင့်ပစ်ခတ်၍ ကြို့ပင်ဝိုင်းကျေးရွာဘက်သို့ ထွက်ခွာသွားသဖြင့် ဦးသန်းဝင်းတွင် လည်ပင်း၌ ကျည်ဖောက်ဝင် ဒဏ်ရာ ၅ ချက်ရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အငြိမ်းစားဗိုလ်ကြီးလည်းဖြစ်သူ ဦးသန်းဝင်းကို သတ်ဖြတ်သည့်အဖွဲ့မှာ PDF ၏ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၁) ဖြစ်ပြီး နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးသန်းဝင်းသည် ပြည်သူပိုင် တောင်ယာမြေများကို ဦးပိုင်ကုမ္ပဏီပိုင်အဖြစ် သိမ်းယူခြင်း၊ ပြည်သူပိုင် လယ်ယာမြေများကို ပလပ်၍ စိုက်ခင်း၊ တောင်ယာခင်းများကို ဝင်ရောက်ဖျက်ဆီးခြင်း စသည့်လုပ်ဆောင်မှုများကြောင့် သတ်ဖြတ်သည်ဟုလည်း ပြည် PDF က အကြောင်းပြချက်ပေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *