October 19, 2024

၁၀. ၉. ၂၀၂၃

Written by Ye Kyaw

ပြည်တွင်း၌ စားသုံးဆီဈေးနှုန်း မြင့်တက်အောင် ဆောင်ရွက်ခဲ့သည့် ဝိသမလောဘသားများကို အရေးယူမှုများ ဆောင်ရွက်ခဲ့သဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စားသုံးဆီဈေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကြပ်မတ်ဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုက်သင့်သည့် ဈေးနှုန်းထက်မြင့်မားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ထိုက်သင့်သည့်အရေးယူမှုများကို ဆောင်ရွက်ခဲ့သဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

သွင်းကုန်လုပ်ငန်းရှင်များကို တစ်ဒေါ်လာ ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် နိုင်ငံတော်က ရောင်းချပေးပြီး စားအုန်းဆီသွင်းကုန်လုပ်ငန်းရှင်များမှတစ်ဆင့် အခြေခံလူတန်းစားများ စားအုန်းဆီကို သက်သာစွာဝယ်ယူနိုင်စေရန် ဆောင် ရွက်ခဲ့သော်လည်း ဆီကုန်သည်အချို့က ဆီပေပါ ၂၀ ခန့်သာ ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချပြီး ကျန်ရှိသည်များကို ရည်ညွှန်းဈေးထက် တစ်ပိဿာ ကျပ် ၃,၀၀၀ ခန့်ဈေးတင်ရောင်းချမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်တွင် ဆီကုန်သည်အသင်းဥက္ကဋ္ဌ ဦဆန်းလင်း၊ ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့် ရရှိထားသည့် လုပ်ငန်းရှင်များဖြစ်သော ဦးမြင့်ကြူ၊ ဦးထွန်းထွန်းဝင်း၊ ဦးဝမ်ထိုက်၊ ဦးအေးစိန်တို့ကို တာဝန်ရှိသူများက သီးခြားခေါ်ယူ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဆီကုန်သည် ၁၅ ဦးအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *