October 18, 2024

၁၁. ၉. ၂၀၂၃
Written By Thandar

ပရိသတ်မြင်တွေ့နေကျမဟုတ်တဲ့ အဆိုတော်တွေပါဝင်ပြီး မြန်မာနိုင်ငံမှာ မြင်တွေ့ရခဲတဲ့ အလွမ်းအဆွေး ဒရာမာပုံစံ Musical Series” တေးတစ္ဆေ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးကို စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

“မြန်မာပြည်မှာ ဒီလိုမျိုး ဇာတ်မျိုးက လက်ချိုး ရေတွက်လို့ရတယ်။ ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီးလုပ်ထားပါတယ်။ သီချင်းတွေကြိုသွင်းထားပါတယ်။မြူးမြူးကြွကြွဘက်ထက် လွမ်းလွမ်းဆွေးဆွေးဘက်ကို ပိုသွားတဲ့ ဇာတ်လေးပါ။ ဒရာမာဇာတ်လေးပါ။ အဓိကတော့ ကိုဝေမင်းမောင်က ဒီလိုဇာတ်မျိုးရိုက်ဖို့ ပြောထားတာကြာပြီ။ ဇာတ်လမ်းဦးဆောင်သူကတော့ ကိုညိုမင်းလွင် ရေးထားတဲ့ဇာတ်လေးပါ”လို့ ဒါရိုက်တာ သားညီကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-11_13-51-25-1024x683.jpg

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ညိုမင်းလွင်က ရေးသားပြီး ဒါရိုက်တာ သားညီက သရုပ်ဆောင် ထက်ယံ၊ အုပ်စိုးခန့်၊ နေထွဋ်၊ Jason Ace ၊ Aladin ၊ အေးမြဖြူ၊ မေလသံစဉ်၊ အမရာဘုန်း၊ ယွန်း၊ ဆုလှိုင် စတဲ့ သူတွေနဲ့ စက်တင်ဘာ ၁၂ ရက်က စတင်ပြီး ရန်ကုန်မြို့နဲ့ အဝေးပြေးလမ်းတစ်နေရာမှာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-11_12-51-10-1-579x1024.jpg

“မေလ ဒီဇာတ်ကားမှာ အချစ်တွေ အမုန်းတွေ မဟုတ်ဘဲ အဆိုတော်တွေနဲ့ပဲ ရိုက်မယ့် Musical Series လေးပါ။ သီချင်းတွေ တီးမယ်။ Drum တီးထားတယ်။ မေလက စီးရီးအနေနဲ့ အခု ပထမဆုံးရိုက်မှာပါ။ တစ်ကားလုံး အဆိုတော်တွေနဲ့ပဲ သွားတာဆိုတော့ Musical Series လေးမို့ သီချင်းလေးတွေ အကုန်လုံး ထည့်ထားပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ပါဝင်ရမှာပါ။ ကိုယ်တိုင်ကလည်း သီချင်းဆိုတဲ့သူဖြစ်တယ်။ ဂစ်တာတီးတာကိုလေ့ကျင့်ရမယ်။ တစ်ကားလုံးက သီချင်းတွေနဲ့ပဲ သွားမှာမို့လို့ အခက်အခဲလည်း ရှိနိုင်ပါတယ်”လို့ သရုပ်ဆောင် မေလသံစဉ်က ပြောပါတယ်။

Hey Play Application က တင်ဆက်မယ့် အပိုင်း ၁၆ ပိုင်းပါဝင်မယ့် တေးတစ္ဆေ ဇာတ်လမ်းတွဲမှာ မြင်တွေ့နေကျမဟုတ်တဲ့ အဆိုတော်တွေနဲ့ ရိုက်ကူးသွားမှာဖြစ်တဲ့အတွက် ပရိသတ် စိတ်ဝင်စားမှု အများအပြားရမယ့်ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *