October 18, 2024

၁၁. ၉. ၂၀၂၃
Written by Pan Ei

Marvel ပရိသတ်တွေရဲ့ အချစ်တော် Captain America မင်းသား Chris Evans ဟာ ချစ်သူမိန်းကလေးဖြစ်တဲ့ ပေါတူဂီမင်းသမီးချောလေး Alba Baptista နဲ့ ပြီးခဲ့တဲ့ စနေနေ့၊ စက်တင်ဘာ ၉ ရက်က မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့က အိမ်မှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-11_13-50-02-2-788x1024.jpg

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး လူသားလို့ သတ်မှတ်ခံခဲ့ရဖူးတဲ့ အသက် ၄၂ နှစ်အရွယ် ဟောလိဝုဒ်ကြယ်ပွင့် Chris Evans ဟာ သူနဲ့ အသက် ၁၆ နှစ်လောက်ကွာတဲ့ ချစ်သူ Alba Baptista နဲ့ တွဲခုတ်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲကို မိသားစုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာ သက်သေအဖြစ် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဧည့်သည်စာရင်းမှာတော့ Evans ရဲ့ Marvel တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ Robert Downey Jr၊ Chris Hemsworth နဲ့ Jeremy Renner တို့ပါဝင်ပြီး မင်္ဂလာပွဲကို လူနည်းနည်းနဲ့ သီးသန့်ကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-11_13-50-04.jpg

Evans နဲ့ Baptista တို့ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက သူတို့ရဲ့ဆက်ဆံရေးကို အင်စတာဂရမ်ကနေ တစ်ဆင့် တရားဝင် ချပြခဲ့တာဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လူပျိုကြီး Chris Evans မိန်းမရသွားတဲ့အပေါ်ကိုတော့ ပရိသတ်တွေက ဝမ်းသာ ဂုဏ်ပြုပေးလျက်ရှိနေကြပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *