October 22, 2024

MT News

Written & Photo Tha Doe

Yangon Book Plaza တွင် တန်ဆောင်တိုင် စာအုပ်အရောင်းပွဲတော်အား နိုဝင်ဘာ ၅ ရက်နေ့မှစတင်၍ လျှော့စျေးများဖြင့် ကျင်းပနေကြောင်းသိရသည်။

နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည့် တန်ဆောင်တိုင်စာအုပ်အရောင်းပွဲတော်တွင် ကြိုက်ရာယူ တစ်အုပ် ကျပ် ၅၀၀၊ ၆၅၀၊ ၇၀၀၊ ၁၀၀၀၊ ၁၂၀၀ မှ ရွေးစရာစာအုပ်ပုံများအပြင် တိုက်ကျဟုခေါ်သည့် စာအုပ်အငှားဆိုင်ခေတ်ကာလ ရေပန်းစားသည့်စာအုပ်များပါဝင် ရောင်းချပေးနေသည်။

ထို့ပြင် စိတ်ကူးချိုချို၊ NDSP၊ စသည့် စာအုပ်တိုက်ကြီးကိုးတိုက်မှ ကလေးဖတ်စာပေများကို ၂၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချပေးခြင်း၊ တခြားသော စာအုပ်များအား ၁၀ ရာခိုင်နှုန်းလျှော့ချပေးခြင်းများကို တိုက်လုံးကျွတ်ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ စာအုပ်စျေးပွဲတော်တွင် ငွေသားအပြင် MPU, VISA, Master, JCB Card များအပြင် AYA Pay ဖြင့်ပါ ငွေရှင်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *