October 18, 2024

၁၁. ၉. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အမျိုးသမီးအဆိုရှင်အဖွဲ့ MAMAMOO ရဲ့ အဖွဲ့ဝင် Hwasa ဟာ မကြာသေးမီက နာမည်ကျော် “Knowing Bros” ရှိုးရဲ့ အပိုင်း ၄၀၀ မြောက်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အဲ့ဒီရှိုးမှာ သူမက ကျောင်းဝတ်စုံကို Sexy ဆန်ဆန်ဝတ်ပြီး Sexy ဆန်ဆန် ကပြခဲ့လို့ တောင်ကိုရီးယားက အင်တာနက်အသုံးပြုသူတွေကြားမှာ ဝေဖန်ခံနေရပါတယ်။

ယုံကြည်မှုရှိရှိနဲ့ မိမိုက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဝတ်ဆင်တတ်တယ်လို့ နာမည်ကြီးတဲ့ Hwasa ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်က “I Love My Body” လို့ အမည်ရတဲ့ တစ်ကိုယ်တော် တေးသီချင်းသစ်ကို ဖြန့်ချိခဲ့တာဖြစ်ပြီး သူမရဲ့ သီချင်းသစ်အတွက် “Knowing Bros” ရှိုးကို ဧည့်သည်အနေနဲ့သွားခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-09-11_11-36-14.jpg

ရှိုးရဲ့အပြင်အဆင်နဲ့အညီ Hwasa က ကျောင်းသူပုံစံ ဝတ်ဆင်သွားခဲ့တာဖြစ်ပေမဲ့ အရင်က ရှိုးကိုလာတဲ့ တခြားအမျိုးသမီးဧည့်သည်တွေ ဝတ်ဆင်လေ့ရှိကြတဲ့ ကျောင်းဝတ်စုံတွေနဲ့ မတူဘဲ Hwasa ရဲ့ဝတ်စုံက အစွန်းနှစ်ပိုင်းကို အပေါ်ပိုင်းဘက်ထိ ချည်ပြီး ဝတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူမက Sexy ဆန်နေတဲ့ ကျောင်းဝတ်စုံနဲ့အတူ သူမရဲ့ သီချင်းသစ်ကို ပြောင်မြောက်စွာနဲ့ ဖျော်ဖြေခဲ့တာကြောင့် ရှိုးမှာချီးကျူးမှုတွေရရှိခဲ့ပေမဲ့လည်း သူမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကျောင်းဝတ်စုံ၊ စကပ်တိုကို ဝတ်ပြီး ပေါင်ကားတဲ့ ကကွက်တွေလိုမျိုး Sexy ကျတဲ့ အကတွေ ကပြခဲ့တာမျိုးတွေက လူပြောစရာ ဖြစ်နေခဲ့ကာ အင်တာနက်အသုံးပြုသူတွေက ကျောင်းသူတွေဝတ်တဲ့ ဝတ်စုံ ယူနီဖောင်းကို Sexy ဆန်ဆန်အသုံးပြုခဲ့မှုတွေကြောင့် ပြစ်တင်ဝေဖန်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလည်း အမေရိကန်အဆိုတော် Britney Spears က “Baby One More Time” သီချင်းမှာ ကျောင်းဝတ်စုံကို Hwasa လိုပဲ ချည်ပြီး Sexy ဆန်ဆန် ဝတ်ဆင်ခဲ့တာကြောင့် Britney Spears လည်း အဲ့ဒီအချိန်က ကလေးတွေနဲ့ မသင့်လျော်ဘူးလို့ဆိုကာ ကျောင်းသားမိဘတွေဆီက ကန့်ကွက်မှုတွေကို ရင်ဆိုင်ခဲ့ရပါသေးတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *