October 18, 2024

၁၁. ၉. ၂၀၂၃
Written by Hey Mahn

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အနော်မာထိပ်မှတ်တိုင်အနီးမှာ YBS ယာဉ်ပေါ်က ခရီးသည်နှစ်ဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးသွားတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

မနက်ခင်း အလုပ်သွားချိန်မို့ ဘတ်စ်ကားတွေမှာ ခရီးသည်ပြည့်ကျပ်နေပြီး ခရီးသည်က တိုးဝှေ့တက်ချိန်နဲ့ ယာဉ်အထွက်တိုက်ဆိုင်ပြီး ပြုတ်ကျခဲ့တာလို့ ဖြစ်စဉ်ကို အဆိုပါလူမှုကူညီရေးအသင်းက ရှင်းပြပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-11_10-35-39-2-1002x1024.jpg

“YBS ၇၆ ယာဉ်လိုင်းမှာဖြစ်တာပါ။ ပြုတ်ကျပြီး တစ်ယောက်က နောက်ဘီးနဲ့ကြိတ်မိတယ်။ သူကတော့သေသွားတယ်။ အသက် ၂၀ ကျော်အရွယ်ပဲ။ နောက်တစ်ယောက်ကတော့ သိပ်မထိခိုက်ဘူး။ နဖူးလေးပဲ နည်းနည်းကွဲသွားတယ်။ အလုပ်သွားချိန်ဆိုတော့ ကားတွေကကျပ်၊ အချိန်မှီဖို့ အပြေးအလွှားသွားရတော့ ရသလောက်တွယ်တက်ကြရာက ဖြစ်တာ“ လို့ အသင်းတာဝန်ရှိသူက ပြောပါတယ် ။

ဒဏ်ရာရှိသူကို မြေပြင်ကုသမှုပေးကာ အမတ္တဂဝေသီလူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပြီး၊ အသက်(၂၀)ကျော်အရွယ် ဦးခေါင်းကားကြိတ်မိပြီးသေဆုံးခဲ့တဲ့ ရုပ်အလောင်းကိုတော့ မနောဖြူလူမှုကူညီရေးအသင်း နာရေးယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *