October 18, 2024

၁၀. ၉. ၂၀၂၂

Written by Nay Moe

NUG ဩဇာခံ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခွဲဖြစ်တဲ့ နံ့သာမြိုင် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းမြွေကို ဒီနေ့မှာ အသေပစ်ခတ်ဖမ်းဆီးခံရပြီး PDF အဖွဲ့ဝင် ၈ ဦးကိုပါ ဒီနေ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့အရှေ့ဘက် ဂေါက်ကွင်းအနီး ကံကြီးရိုးကျေးရွာကို ဒီနေ့မနက်အစောပိုင်းက မြိုင်မြို့အတွင်း ရောက်ရှိနေသော စစ်​ကြောင်းက ရုတ်တရက်ဝင်ရောက်စီးနင်းပြီး နံ့သာမြိုင် PDF ခေါင်းဆောင် ဗိုလ်လင်းမြွေကို ဖမ်းဆီးပစ်ခတ်သွားပြီး PDF လို့ယူဆရသူ အမျိုးသား ၈ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ နွေဦးတော်လှန်ရေး -မြိုင်မြို့ Page မှာ ရေးသားထားပါတယ်။

အသက်(၂၄)နှစ်အရွယ် နံ့သာမြိုင် PDF ခေါင်းဆောင် ဗိုလ်လင်းမြွေဟာ ဒီနေ့မနက် ၆ နာရီခွဲခန့်မှာ ပစ်ခတ် ဖမ်းဆီးချိန် လည်ပင်းကို ကျည်ထိသေဆုံးခဲ့တာပါ။

ဒါ့အပြင် PDF တွေ ခိုအောင်းနေတဲ့ နေအိမ်ကို ရှာဖွေခဲ့သလို PDF အသုံးပြုနေတဲ့ ကားတစ်စီးကိုလည်း ဆက်ပြီးအသုံးမပြုနိုင်အောင် မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *