October 18, 2024

၁၀. ၉. ၂၀၂၃

Translated by Htwe Ko Tun

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ ၈ ရက် ည ၁၁ နာရီ ၁၁ မိနစ်က နိုင်ငံအနောက်ပိုင်း၌ လှုပ်ခတ်သွားခဲ့သော ပြင်းထန်သည့်ငလျင်ကြောင့် သေဆုံးရသူဦးရေမှာ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းတွင် ၂,၀၀၀ ကျော်အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် မြို့ကြီးများပေါ်၌ပင် သေကြေပျက်စီးမှုများ များပြားနေသောကြောင့် ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့်လည်း ငလျင်၏ဗဟိုချက်ဖြစ်သော တောင်တန်းများပေါ်ရှိကျေးရွာများမှ ငလျင်ဒဏ်ခံရသည့်ပြည်သူများထံ မရောက်ရှိနိုင်ဘဲဖြစ်နေရသည်။

This image has an empty alt attribute; its file name is 375860519_122106385238030934_2860698596620157443_n.jpg

ရှေးဟောင်းမြို့တော် မာရာကတ်ရှ်တွင် သေကြေထိခိုက်ဒဏ်ရာရသူများတိုးပွားလာခဲ့ရာ ဆေးရုံများ၌ လူနာများအတွက် ကုတင်နေရာများမရှိတော့သဖြင့် ဆေးရုံပြင်ပတွင်ပင် ကုတင်များချထားလာရသည်ကို တွေ့ရသည်။မော်ရိုကိုအာဏာပိုင်များ၏ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၂,၀၁၂ ဦးနှင့် ပြင်းထန်စွာဒဏ်ရာရသူ ၁,၄၀၄ ဦ ရှိကြောင်းသိရသည်။

ငလျင် ဗဟိုချက်ဖြစ်သော အက်လတ်စ်တောင်တန်းများပေါ်ရှိ ကျေးရွာများဆိုလျှင် အိမ်များပြိုလဲနေသည်ကိုတွေ့ကြရရာ ငလျင်ကြောင့်သေဆုံးဒဏ်ရာရသူမှာတိုးမြင့်လာဖွယ်ရှိနေကြောင်း သိရသည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *