October 18, 2024

၇. ၉. ၂၀၂၃

Written By Thandar

ကွယ်လွန်သွားပြီလို့ သတင်းထွက်နေပေမဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်က ကျောက်ကပ်ရောဂါအတွက် မန္တလေးမြို့ရှိ လန်ဒန်ဆေးရုံကြီးမှာ ဆေးရုံသမှုခံယူနေတာလည်းဖြစ်ပါတယ်။

‌”အရင် ကျောက်ကပ်နေရာကပဲ ပြန်နာလာလို့ မ‌န္တလေးမှာ ဆေးကုသမှုခံယူနေတာပါ။ ခုညနေပိုင်းက အစ်အကိုအရင်းတွေဖြစ်တဲ့ ညီအငယ်ဆုံးက ကြက်ပေါင်းရည်တိုက်တယ်။အားရှိအောင် ကျွေးဖြစ်ပါတယ်။ခုတော့ သက်သာလာပါပြီ လိုအပ်တဲ့ ဆေးကုသမှုခံယူပြီး ကျမ်းမာစွာနဲ့ မနက်ဖြန် ဆေးရုံဆင်းလို့ရပါမယ်”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is 375175792_122095044572040280_8762312010076087448_n.jpg

သူ့ဟာ လက်ရှိမှာ အသက် ၇၆ နှစ်ရှိပြီး ယခင်ဖြစ်နေကျ ကျောက်ကပ်ဝေဒနာကြောင့် ဗိုက်ထဲမှာနာနေတဲ့အတွက် ဆေးကုသမှုကို မန္တလေးမြို့ (၅၃×၅၄)လမ်းကြား ၁၃၁ လမ်းရှိ လန်ဒန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာလည်းဖြစ်ပါတယ်။

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်က စက်တင်ဘာ ၈ ရက်မှာ မန္တလေးမြို့ရှိ ဆေးရုံဆင်းပြီးပါက မန္တလေး မဟာမြတ်မုနိဘုရားကြီးဝင်ဖူးပြီး ရန်ကုန်ပြန်ကြမယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *