October 18, 2024

၉. ၉. ၂၀၂၃

Written By Thandar

Horror Thriller ပုံစံ “Dice With Death – ကံစေရာ” ဇာတ်ကား Premiere Show ပွဲကို စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ စံရိပ်ငြိမ် ဂမုန်းပွင့် ရုပ်ရှင်ရုံမှာကျင်းပခဲ့ပါတယ်။

” ဂိမ်းတစ်ခုဆော့ရင်းက ဇာတ်လမ်းလေးကို ကိုဗစ်ကာလမတိုင်ခင် ဇာတ်အိမ်တည်ဖြစ်တာပါ။ ကိုယ်က Horror Thriller ရိုက်ကူးရတာ အားသန်လို့ ဒီလို ဇာတ်လေးရိုက်ဖြစ်တာပါ။ ဇာတ်ကောင်တွေကိုလည်း Casting သေချာခေါ်ယူခဲ့တယ်။ 3H Art production က Talent ထွက်တဲ့ သင်တန်းသားတွေကို အဓိကထားပြီး ရွေးချယ်ခဲ့တယ်။ လူတိုင်းဟာ ဘဝမှာကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ်တယ်။ မဖြစ်ချင်တာတွေလည်းဖြစ်တတ်တယ်။ ဒီအရာတွေက အဆိုးလည်းရှိသလို အကောင်းလည်း ရှိတယ်။ တစ်ခါတလေကိုယ် မမျှော်လင့်ထားတာတွေက ကံစေရာအတိုင်းဖြစ်တတ်တယ်ဆိုတာ ကိုဗစ်ကာလမှာ ကျန်းမာရေး ကောင်းနေရာက မဖြစ်သင့်ဖြစ်ခဲ့တာလည်း သာဓကပဲလေ”လို့ ဒါရိုက်တာ ထူးနွယ်အိမ်က ပြောပါတယ်။

This image has an empty alt attribute; its file name is 376503567_122096196164040280_2237394312129583827_n.jpg

ဒီဇာတ်လမ်းကို ၂၀၁၉ ခုနှစ်က စတင်ရေးသားထားခဲ့ပြီး ကိုယ်တိုင်ရိုက်ကူး ပုံဖော်ထားတာလည်းဖြစ်ပါတယ်။သရုပ်ဆောင်အနေနဲ့ ပြည့်ဖြိုးစံ ၊ ခန့်ထက်ညား ၊ ဒီမိုးစက် ၊ လင်းထက် ၊ ရဲရင့်မင်းခန့် ၊ စနိုးကြည်ဖြူ ၊ မေဘယ်လ် ၊ ယုယုဇော် စတဲ့သူတွေ ပါဝင်သရုပ် ဆောင်ထားကြတာဖြစ်ပါတယ်။

“Dice With Death – ကံစေရာ” ဇာတ်ကားကို APP SHOW အပန်းဖြေမိုဘိုင်းရုပ်ရှင်ရုံမှာ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *