October 18, 2024

၉. ၉. ၂၀၂၃
Written by Peya

မိုးရွာသွန်းမှုများသည့်အတွက် မြောက်ဂူနီဘုရား၏ မုခ်ကပ် ပေါင်းမိုးမှ အုတ်အချို့သာ ကွာကျခဲ့ခြင်းဖြစ်ပြီး ပြန်လည် ပြင်ဆင်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

မြောက်ဂူနီဘုရား၏ တောင်ဘက်မုခ် ပေါင်းကူးပြိုကျသည်ဟု အွန်လိုင်းတွင် သတင်းများ ထွက်ပေါ်နေသည့်အပေါ် MT News သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-09-09_15-17-20-1024x577.jpg

“အဲ့ဒါတော့ မိုးရွာတော့ ထုံးစံအတိုင်းပေါ့ မိုးရွာပြီးရင် ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘာဝပေါ့။ အုတ်နံရံလေးတွေ ကွာကျတယ်။ အုတ်လေးတွေ ပဲ့ကျတယ်။ ဆံမြိတ်ကြိုးလေးတွေ ကွာကျတယ်။ ပဲ့ကျတယ် ဒါက ထုံးစံအတိုင်းပေါ့။ စက်တင်ဘာ ၇ ရက် ညဘက်လောက်မှာ မြောက်ဂူနီရဲ့ မုခ်ကပ် ပေါင်းမိုးလေးက အုတ်လေးငါးချပ်လောက် ကွာတာ။ ပြိုကျတာ မဟုတ်ဘူး” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

ထိုသို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြုပြင်ခြင်းကို စက်တင်ဘာလ ၈ ရက်တွင် စတင်လုပ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ဒီနေ့ ဆိုရင်တော့ ပြီးသလောက် ဖြစ်ပါပြီ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *