October 18, 2024

၉. ၉. ၂၀၂၃
Written by Pan Ei

မော်ရိုကိုနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်၊ သောကြာနေ့နှောင်းပိုင်းက အက်တလတ်စ် တောင်တန်းဒေသမှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူဦးရေ အရေအတွက်မှာ ၆၃၂ ယောက်အထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၃၂၉ ယောက်အထိ ရှိလာခဲ့ကြောင်း မော်ရိုကိုနိုင်ငံပိုင် မီဒီယာက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ကြောင့် သေဆုံးမှုအများစုဟာ လက်လှမ်းမမီနိုင်တဲ့ တောင်ပေါ်ဒေသတွေက ဖြစ်တယ်လို့ ဒေသခံအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အစောပိုင်း သေဆုံးသူအရေအတွက်ကို ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အရေအတွက်က နှစ်ဆကျော် ထပ်မံတိုးမြင့်လာခဲ့ခြင်းဖြစ်ကာ သေဆုံးသူအရေအတွက်က ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_15-06-48.jpg

မော်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ဟာ ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ့ ရှိခဲ့တယ်လို့ အမေရိကန်မြေငလျင်နှင့် ဘူမိဗေဒ လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပြီး မော်ရိုကိုနိုင်ငံရဲ့မြေငလျင်ဌာနကတော့ ငလျင်ပြင်းအားက ၇ ဒသမ ၂ မဂ္ဂနီကျူ့အထိ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ငလျင်ဗဟိုချက်နှင့် အနီးဆုံးမြို့ကြီးဖြစ်တဲ့ မာရာကတ်ရှ် မြို့ဟောင်းမှာလည်း ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့ အဆောက်အအုံအချို့လည်း ပြိုကျခဲ့ပြီး လူနေအိမ် အဆောက်အအုံများစွာလည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *