October 19, 2024

၉. ၉. ၂၀၂၃
Written by Pan Ei

ဘရာဇီးအသင်းဟာ သောကြာနေ့ကကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အဖွင့်ပွဲစဉ်မှာ ဘိုလီးဗီးယားအသင်းကို ၅ဂိုး ၁ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး အဲ့ဒီပွဲမှာ နေမာက သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ဘရာဇီးနိုင်ငံရဲ့ ဂိုးသွင်းဘုရင်ပီလီရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မကြာသေးမီက ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်နေမာက ဘရာဇီးအသင်းနဲ့ ဘိုလီးဗီးယားအသင်းတို့ရဲ့ ပွဲစဉ် ပထမပိုင်းမှာ ပယ်နယ်တီကို လွဲချော်ခဲ့ပြီး ဒုတိယပိုင်း ၆၁ မိနစ်နဲ့ နာကျင်ချိန် ၉၃ မိနစ်တွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကာ နိုင်ငံအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၇၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဘရာဇီးနိုင်ငံရဲ့ဂိုးသွင်းအများဆုံး အမျိုးသား ကစားသမားဖြစ်လာခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_14-33-03-1024x574.jpg

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ကမ္ဘာ့ဘောလုံး အကျော်အမော်ဖြစ်ခဲ့တဲ့ ဘောလုံးသမား ပီလီဟာလည်း ၁၉၅၇ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အတွင်း ဘရာဇီးအသင်းအတွက် ၇၇ ဂိုး သွင်းယူပေးနိုင်ခဲ့ကာ စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး နေမာဟာလည်း မနေ့ကပွဲ မကစားခင်က ၇၇ ဂိုးသွင်းယူထားပြီး ပီလီနဲ့ တန်းတူဖြစ်နေခဲ့ပေမဲ့ ပွဲပြီးချိန်မှာ ၂ ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် နိုင်ငံပွဲ ၁၂၅ ပွဲမှာ စုစုပေါင်း ၇၉ ဂိုး သွင်းယူနိုင်ခဲ့ကာ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီစံချိန်ကို ရောက်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးပါဘူး။ ကျွန်တော် ပီလီ ထက် ပိုကောင်းတဲ့ ကစားသမားမဟုတ်ဘူးလို့ ပြောချင်ပါတယ်” လို့ မနေ့က ပွဲအပြီးမှာ နေမာက ပြောကြားခဲ့ပြီး “ကျွန်တော် အမြဲတမ်း ကိုယ်ပိုင်ဇာတ်လမ်းကို ဖန်တီးချင်တယ်။ ဘရာဇီးဘောလုံးသမိုင်းနဲ့ နိုင်ငံအသင်းသမိုင်းမှာ ကျွန်တော့်နာမည်ကို ရေးချင်ခဲ့တာပါ။ ဒီနေ့တော့ ကျွန်တော် လုပ်နိုင်ခဲ့တယ်။” လို့ နေမာက ဆက်လက်ပြောကြားခဲ့ပါတယ်။

ပီလီရဲ့ တရားဝင်အကောင့်ကနေလည်း နေမာ၏အောင်မြင်မှုကို အသိအမှတ်ပြုခဲ့ပြီး “ဖီဖာရဲ့တရားဝင်ပွဲတွေမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းဘုရင်ကို ကျော်ဖြတ်ခဲ့တဲ့ နေမာ ဂျေအာ ကို ဂုဏ်ယူပါတယ်။ သေချာတာက ပီလီကလည်း မင်းကို ဒီနေ့ ချီးကျူးနေမှာပါ” လို့ လူမှုမီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အခုလက်ရှိမှာတော့ နေမာက ဘရာဇီးအသင်းအတွက် ဂိုးသွင်းအများဆုံး အမျိုးသား ဘောလုံးသမား ဖြစ်လာခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး မာတာဟာလည်း အသင်းအတွက် ၁၇၁ ပွဲကစားကာ ၁၁၅ ဂိုးနဲ့ ဘရာဇီးနိုင်ငံအတွက် ဂိုးသွင်းအများဆုံးအမျိုးသမီးကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

Ref; abc news

Leave a Reply

Your email address will not be published. Required fields are marked *