October 18, 2024

၉. ၉. ၂၀၂၃
Written By Thandar

မြန်မာ့ဇာတ်သဘင်ကို မြတ်နိုးသူ ဝါသနာရှင်တွေအတွက် ရသစုံလင်တဲ့ “သဘင်စတား” ပြိုင်ပွဲ မီဒီယာမိတ်ဆက်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပခဲ့ပါတယ်။

“တိမ်မြုပ်နေတဲ့ မြန်မာ့ရိုးရာ သဘင်လောကရဲ့ အငွေ့အသက်ကို တစ်ဖန်ပြန်လည် ခံစားရစေဖို့နဲ့ မျိုးဆက်သစ် သဘင်ပညာရှင်တွေကို မြေတောင်မြှောက်ပေးသွားမယ့် အစီအစဥ်လေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်တစ်ဝန်းမှ သဘင်လောက ရွက်ပုန်းသီးတွေကို တစ်နေရာစုစည်းပြီး ဖော်ထုတ်ချင်တာပါ။ မင်းသားနဲ့ မင်းသမီးအတွက် ဆုကြေးကိုလည်း ကျပ် သိန်း ၁၀၀ စီအထိ ပေးအပ်မှာပါ” လို့ ပြိုင်ပွဲရဲ့ ဒါရိုက်တာ မပတ္တမြားကေခိုင်က MT News ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_12-27-24-1024x768.jpg

မြန်မာ့ရိုးရာ ယဥ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းပြီး ဇာတ်မင်းသားတစ်ဦး၊ အငြိမ့်မင်းသမီးတစ်ဦး အနေနဲ့ ထွက်ပေါ် လာစေဖို့ ရည်ရွယ်ချက်နဲ့ တင်ဆက်တာလည်းဖြစ်ပါတယ်။

အဆိုပါ သဘင်စတားပြိုင်ပွဲမှာ သင်ကြားပြသပေးမယ့်သူတွေက စိန်မဟာဇာတ်သဘင်က ကိုစျာန်ဟိန်း နဲ့ Life & Dance ကိုမင်းမင်းထွန်း၊ ဒိုင်အနေနဲ့ သဘင်အနုပညာ တစ်ခိုင်လုံးရွှေ ဒေါ်အေးအေးမြင့် ၊ ဦးနန်းဝင်း ၊ တင်မောင်ဆန်းမင်းဝင်း တို့က အသိပညာအတတ်ပညာတွေနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲလျှောက်လွှာကို သဘင်စတား Page က လျှောက်ရမှာဖြစ်ပြီး အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_12-27-25-3-1024x579.jpg

ပထမအဆင့် လူဦးရေ အယောက် ၆၀ ရွေးချယ်မှာဖြစ်သလို ဒုတိယအဆင့် အယောက် ‌၃၀ အဆင့်ဆင့်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့က မျိုးဆက်သစ်တွေကို လက်ကမ်းပေးရုံသက်သက်ပါ။ ဒီပြိုင်ပွဲက ပြိုင်ပွဲဝင်တွေအတွက် အခွင့်အရေးကောင်းတွေလည်း ရရှိစေမှာပါ။ ယဉ်ကျေးမှုနဲ့ဖလှယ်ထားတဲ့ Contemporary နဲ့ Professional တွေနဲ့ ရင်ခုန်စရာ အစီအစဉ်လေးတစ်ခုတွေပါဝင်မှာပါ”လို့ ဒိုင်အဖြစ် ဆောင်ရွက်မယ့် တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_12-27-25-579x1024.jpg

သဘင်စတား Top Winner မင်းသား /မင်းသမီး ကျပ်သိန်း ၁၀၀ စီဆုပေးအပ်မယ့်အပြင် သဘင်စတား Top 10 စာရင်းဝင် ကျပ် ၁၀သိန်းနဲ့ Top 20 စာရင်းဝင် ကျပ်၅ သိန်းစီ ‌ချီးမြှင့်မှာဖြစ်သလို သဘင်လမ်းမှာ လျှောက်လှမ်းနိုင်မယ့် အခွင့်အရေးတွေကို အများကြီး ပေးအပ်သွားမှာဖြစ်ပါတယ်။

သဘင်စတားပြိုင်ပွဲကို Fortune TV ကနေ တင်ဆက်ပြသသွားမှာဖြစ်ပြီး ကျင်းပမယ့်အချိန်ကို မကြာခင်မှာ ပရိသတ်ကို အသိပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *