October 18, 2024

၉. ၉. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ဓားပြတိုက်သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၉ ရက်၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ မေးမြန်းထားသည့် အချက်အလက်များအရ သတင်း ရရှိသည်။

ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မြမာလာ(၃)လမ်းတွင် ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းအချိန်က ဖြစ်ပွားသွားခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဦးထုပ်ဆောင်းပြီး Mask တပ်ထားတဲ့ လူ ၆ ယောက်က အခုလို လုပ်သွားတာပါ။ ဖြစ်စဉ် ဖြစ်နေတုန်းက အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးရယ် လေဖြတ်နေတဲ့ သားဖြစ်သူတို့ ရှိနေတာပါ” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ခြံရှေ့တွင် နာမည်ကို ခေါ်သံကြားသည့်အတွက် အမျိုးသမီးကြီးက ထွက်ကြည့်ရာ အထက်ပါ လူ ၆ ဦးအနက် တစ်ဦးက သေနတ်ဖြင့် နောက်ကျောသို့ ထောက်ထားပြီး ကျန်လူများက အိမ်အတွင်းသို့ ဝင်ရောက်ကာ ငွေကျပ် သိန်း ၂၀၀ ခန့် တန်ဖိုးရှိ ပစ္စည်းများကို ယူသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဖြစ်စဉ်က မြန်တယ် ပြောရမယ်။ သေနတ်နဲ့ထောက်ပြီး မြန်မြန် လုပ်သွားတာ။ အခုတော့ ကျူးလွန်သူတွေကို ဖမ်းမိဖို့ လုပ်နေတယ်။ အင်အားသုံးပြီး ဓားပြတိုက်သွားတာပါပဲ” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *