October 18, 2024

၉. ၉. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ဘီလျံနာ Space X ပိုင်ရှင် အီလွန်မက်စ် ဟာ ရုရှားရဲ့ အဓိက ရေတပ်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ခရိုင်းမီးယားဆိပ်ကမ်းမြို့ ဆီဗာစတိုပေါ မှာ ရုရှားရေတပ်ကို တိုက်ခိုက်ရာမှာ အထောက်အကူဖြစ်စေဖို့ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကွန်ရက်ကို စတင်အသုံးပြုဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်လို့ မကြာသေးမီက ပြောကြားခဲ့ပြီး သူဟာ စစ်ပွဲကြီးတစ်ခုမှာ ပါဝင်သူ ကြံရာပါဖြစ်ရမှာကို ကြောက်ရွံ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အီလွန်မက်စ်ဟာ သူပိုင်ဆိုင်တဲ့ Starlink ဂြိုလ်တု အင်တာနက်ကို ပြီးခဲ့တဲ့နှစ်က ခရိုင်းမီးယားဆိပ်ကမ်းအနီးမှာ ပိတ်ခဲ့တယ်ဆိုတဲ့ အကြောင်း သူ့ရဲ့ အတ္ထုပ္ပတ္တိမှာ ပါဝင်ခဲ့တာကို ကောက်နုတ်ပြီး CNN က မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောကြားခဲ့တာဖြစ်ပြီး အီလွန်မက်စ်က “ဆီဗာစတိုပေါ မှာ Starlink ကို အသုံးပြုဖို့ ယူကရိန်းဘက်က အရေးပေါ်တောင်းဆိုမှုကိုငြင်းပယ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး” လို့ X (အရင် Twitter)ကနေ တစ်ဆင့်ပြောကြားခဲ့တာပါ။

“(အဲ့ဒီတောင်းဆိုချက်ဟာ) ရုရှားရေယာဉ်အများစုကို တိုက်ခိုက်ဖို့ဆိုတာ ထင်ရှားတဲ့ ရည်ရွယ်ချက်ပဲ” လို့ မက်စ် က ရေးသားခဲ့သလို “သူတို့ရဲ့တောင်းဆိုမှုကို ငါသဘောတူခဲ့မယ်ဆိုရင် SpaceX ဟာ စစ်ပွဲနဲ့ ပဋိပက္ခတွေ တိုးမြင့်လာမှုမှာ ပါဝင်ရှုပ်ထွေးနေလိမ့်မယ်။” လို့ အီလွန်မက်စ်က ရေးသားခဲ့ပါတယ်။

အဲ့ဒီ မဟာဗျူဟာကျတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ၂၀၁၄ ခုနှစ်ကတည်းက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆီဗာစတိုပေါမှာ ရုရှားပင်လယ်ရေတပ်ကို အခြေစိုက်ထားခြင်းဖြစ်ကာ ယူကရိန်းဆိပ်ကမ်းတွေကို ၂၀၂၂ ခုနှစ်ကတည်းက ရေတပ်သင်္ဘောကြီးတွေကို အသုံးပြုကာ ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *