October 19, 2024

၉. ၉. ၂၀၂၃
Written by Zaw Moe

ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ဝင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရမှုမရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ MT News သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ယနေ့ မနက် ၄ နာရီခွဲဝန်းကျင်အချိန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အခြေစိုက်ရာ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်ကြောင်း မီဒီယာအချို့မှ ဖော်ပြရေးသားမှုများရှိနေသည့်အတွက် ရန်ကုန်တိုင်းအစိုးအရအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒီလိုမျိုးဖြစ်စဉ်မျိုး ဘာမှမရှိပါဘူးခင်ဗျ” ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက အတည်ပြုငြင်းဆိုခဲ့သည်။

အချို့သောမီဒီယာများ၏ ရေးသားဖော်ပြချက်များအရ ရန်ကုန်တိုင်းလွှတ်တော်ရုံးကို ပစ်ခတ်တိုက်ခိုက်ရာတွင် ပစ်မှတ်သို့ ထိရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာရှိနိုင်ပြီး လွှတ်တော်ဝန်းအတွင်းသို့ DC နှစ်စီး၊ မီးတန်းတစ်စီး၊ Faw တစ်စီးဝင်သွားကြောင်း၊ အဆိုပါလွှတ်တော်ဝန်းအတွင်းသို့ မကြာသေးမီက တပ်အပြောင်းအရွှေ့ပြုလုပ်ထားကြောင်း သတင်းမှားဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *